Connect with us

Hi, what are you looking for?

ဗီဒီယို

ရန်ကုန်ဘယ်လောက် တိတ်ဆိတ်သွားလဲ ဒီဗီဒီယိုဖိုင်ထဲမှာ ကြည့်ပါ။

အခုလို စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်ကို ပြီးခဲ့တဲ့ မေလအတွင်းကလည်း တစ်နိုင်ငံလုံအတိုင်းအတာနဲ့ အောင်အောင်မြင်မြင်ဆင်နွှဲခဲ့ကြပါသေးတယ်။

အသံတိတ် အလံမလိပ်တဲ့ ရန်ကုန်ကအသံတိတ်သပိတ်

အသံတိတ်သပိတ်စတင်မယ့် သတ်မှတ်ထားချိန်မရောက်ခင် မနက်အစောထဲက ရန်ကုန်က လမ်းတွေ တိတ်ဆိတ်နေခဲ့ပါတယ်။

သပိတ်ကို မဖြစ်မနေ ရုံးသွားရုံးလာရမယ့်သူတွေအဆင်ပြေစေဖို့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အထိ သတ်မှတ်ပေးခဲ့ပေမယ့် မနက် ၁၀ နာရီမတိုင်ခင်ကတည်းက လမ်းသွားလမ်းလာတွေ မရှိသလောက်ဖြစ်သွားတာကိုတွေ့ရပါတယ်။

အဓိက လမ်းမကြီးတွေဖြစ်တဲ့ ဆူးလေဘုရားလမ်း၊ ဗိုလ်ချုပ်လမ်းမကြီးတို့မှာ ရှင်းလင်းသွားသလို လူစည်းကားရာနေရာတွေဖြစ်တဲ့ လှည်းတန်းလမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ တို့မှာလည်း လူသူကင်းမဲ့သွားပါတယ်။

Public Service Announcement

Public Service Announcement

လမ်းမပေါ်တွေက ဆိုင်ကြီးတွေအပါအဝင် လမ်းသွယ်တွေ၊ရပ်ကွက်တွေထဲက ဈေးဆိုင်ငယ်တွေပါ ဒီနေ့သပိတ်မှာပါဝင်တဲ့အနေနဲ့ပိတ်ထားပေးကြပါတယ်။

အရင်က လူစည်ကားတဲ့ ယုဇနပလာဇာ လည်းပိတ်ထားတာတွေ့ရပါတယ်။

ဈေးဝယ်စင်တာတွေကတော့ မပိတ်ကြပေမယ့် လာတဲ့သူမရှိဘဲ ခြောက်ကပ်နေတာတွေ့ရပါတယ်။

တာမွေအိုးရှင်းကိုရောက်ခဲ့သူတစ်ဦးက “ဆိုင်တော်တော်များများက သန့်ရှင်ရေးလုပ်နေကြတယ်” လို့မြင်တွေ့ရပုံကိုပြောပါတယ်။

စင်တာတွေတွေမှာ ဆိုင်အများစုပိတ်ထားပြီး ဖွင့်တဲ့ဆိုင်မှာလည်းလူမရှိဘူးလို့ဆိုပါတယ်။

လိုင်းကားတွေထွက်ပေမယ့် အစီးရေနည်းပြီး စီးသူလည်းမရှိဘူးလို့ ရန်ကုန်မြို့ထဲ ပတ်ကြည့်ခဲ့တဲ့ People’s Spring သတင်းထောက်ကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကိုတော့ လမ်းတစ်ချို့မှာ ခပ်ကျဲကျဲတွေ့ရတယ်လို့ သတင်းထောက်က ပြောပါတယ်။

“ထောက်ကြန့်နဲ့သခင်မြပန်းခြံကို လေးယောက်ပဲ ရတယ်။ သရဲခြောက်မှာတောင်စိုးရတယ်” လို့ ၄၁ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

ဒါကြောင့် ဒီနေ့ ရန်ကုန်မြို့ရဲ့အခြေအနေဟာ အသံတိတ်သပိတ်ကိုအောင်အောင်မြင်မြင်ဆင်နွှဲနိုင်တာတွေ့ရပါတယ်။

စစ်ကောင်စီကတော့ ဒီနေ့အစီအစဉ်မအောင်မြင်အောင် မနေ့ကညပိုင်းမှာ ရပ်ကွက်အချို့မှာ ဒီနေ့ ပုံမှန်အတိုင်းသွားလာကြဖို့ လိုက်အော်တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းကလည်း ရန်ကုန်မြို့လယ် မဟာဗန္ဓုလလမ်းမကြီးပေါ်မှာ ကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံတဲ့အစီအစဉ်တစ်ခုကို ပြုလုပ်နေတာလည်းရှိခဲ့ပါတယ်။

ကမာရွတ်မြို့နယ်ထဲမှာဆို ပိတ်ထားတဲ့လမ်းဘေးဈေးဆိုင်က ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူကာ စည်ပင်ဝန်ထမ်းတွေက လိုက်သိမ်းခဲ့ပါသေးတယ်။

တကယ်တော့ ဒီနေ့အသံတိတ်သပိတ် ကို ဖျက်လိုဖျက်စီးလုပ်တာတွေမနေ့က လူမှုကွန်ရက်မှာ ရှိခဲ့ပါတယ်။

အသံတိတ်သပိတ်ဟာ ဘာသာခြားတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် မဆင်နွှဲကြဖို့ NLD ပါတီက ထုတ်ပြန်သယောင်ကြေညာချက်အတုတစ်စောင်ထွက်လာခဲ့ပါတယ်။

ဒီလိုဖျက်လိုဖျက်စီးတွေရှိပေမယ့် ဘာသာပေါင်းစုံက ဒီနေ့သပိတ်ကိုပါဝင်ဆင်နွှဲကြဖို့တိုက်တွန်းခဲ့တာ
တွေတွေ့ရပါတယ်။

အခုလို စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်ကို ပြီးခဲ့တဲ့ မေလအတွင်းကလည်း တစ်နိုင်ငံလုံအတိုင်းအတာနဲ့ အောင်အောင်မြင်မြင်ဆင်နွှဲခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။