Connect with us

Hi, what are you looking for?

သတင်း

လောင်စာဆီ ချွေတာဖို့ သီရိလင်္ကာမှာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်ခိုင်း

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ သီရိလင်္ကာဟာလည်း စွမ်းအင်ဖူလုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။ တကယ်လို့ စစ်ပွဲက ပိုမို ရှည်ကြာလာရင် နိုင်ငံရဲ့ အရန် လောင်စာဆီ သိုလှောင်မှုတွေပါ မလောက်မငှ ဖြစ်လာနိုင်တဲ့အတွက် အခုလိုမျိုး ယာယီ ဖြေရှင်းမှု အစီအမံတွေကို စတင်သတ်မှတ်လာတာ ဖြစ်တယ်လို့ သီရိလင်္ကာ အစိုးရက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရချိန်ကစလို့ အီရန်ဟာ နိုင်ငံတောင်ပိုင်းက ဟောမုဇ် ရေလက်ကြားကို ပိတ်ချထားခဲ့တာ အခုဆိုရင် တတိယမြောက် သီတင်းပတ်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အဲဒီ ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှု စုစုပေါင်း ပမာဏရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေတဲ့ ရေလမ်းကြောင်းပါ။

မတ်လ ၁၈ ရက်နေ့ကစပြီး အစိုးရရုံးတွေကို ဗုဒ္ဓဟူးနေ့တွေ ပိတ်ထားစေပြီး တစ်ပတ်လေးရက်ပဲ ဖွင့်စေဖို့ အစိုးရရဲ့ အရေးကြီးဝန်ဆောင်မှုများ ကွပ်ကဲရေးဌာန ကော်မရှင်နာချုပ် ပရာဘက်သ် ချန်ဒရာကီရာသီက ညွှန်ကြားခဲ့ပါတယ်။ အဲဒီသတ်မှတ်ချက်ထဲမှာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေလည်း အကျုံးဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ချန်ဒရာကီရာသီက အဲဒီ စည်းမျဉ်းကို ပုဂ္ဂလိက အလုပ်ဌာနတွေလည်း လိုက်လံကျင့်သုံးစေလိုကြောင်း တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ အကောင်းဆုံးကို မျှော်လင့်ထားပေမယ့် အဆိုးဆုံးအတွက်လည်း ပြင်ထားဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။

လောင်စာဆီ ဖူလုံရေးနဲ့ ပတ်သက်လို့ သမ္မတ အနုရာ ကုမာရ ဒစ္စန်နာယကီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေး တစ်ရပ်ကိုလည်း ကျင်းပခဲ့တယ်လို့ ချန်ဒရာကီရာသီက ဆိုပါတယ်။

တစ်ပတ်ကို ၄ ရက်ပဲ အလုပ်ဆင်းစေမယ့် ညွှန်ကြားချက်ဟာ ဆေးရုံတွေ၊ မီးသတ်ဌာနတွေ၊ အရေးပေါ် ကယ်ဆယ်ရေး ဌာနတွေလိုမျိုး မရှိမဖြစ် လည်ပတ်နေရမယ့် အလုပ်ဌာနတွေနဲ့တော့ မသက်ဆိုင်ပါဘူး။

အစိုးရရဲ့ ပွဲလမ်းသဘင် အခမ်းအနား အားလုံးကိုလည်း လတ်တလောမှာ ဆိုင်းငံ့ထားမှာဖြစ်ပြီး အစိုးရ ဝန်ထမ်းတွေ အနေနဲ့လည်း လောင်စာဆီ ချွေတာဖို့အတွက် အတတ်နိုင်ဆုံး အိမ်ကနေ အလုပ်လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အာရှတောင်ပိုင်းမှာ တည်ရှိတဲ့ ကျွန်းနိုင်ငံမှာ လောင်စာဆီကို ခွဲတမ်းနဲ့ ရောင်းချခြင်းကို မတ်လ ၁၅ ရက်နေ့မှာ စတင်ခဲ့ပြီး မော်တော်ကားနဲ့ ဆိုင်ကယ် တစ်စီးကို တစ်ပတ်မှာ ဓာတ်ဆီနဲ့ ဒီဇယ် ၁၅ လီတာသာ ကန့်သတ်ပြီး ဝယ်ယူခွင့် ပြုထားပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေအတွက် ခွဲတမ်းက တစ်ပတ်ကို လီတာ ၂၀၀ ဖြစ်ပါတယ်။

သီရိလင်္ကာဟာ ဓာတ်ဆီနဲ့ သန့်စင်ချက်လုပ်ပြီး လောင်စာထုတ်ကုန်တွေကို စင်ကာပူ၊ မလေးရှားနဲ့ တောင်ကိုရီးယားတို့ကနေ အဓိက တင်သွင်းပါတယ်။ ဒါပေမဲ့ အီရန်က တည်ဆောက်ပေးထားတဲ့ ရေနံချက်စက်အတွက် လိုအပ်တဲ့ ရေနံစိမ်းကိုတော့ အရှေ့အလယ်ပိုင်းကနေ အဓိက တင်သွင်းနေတာ ဖြစ်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။