Connect with us

Hi, what are you looking for?

သတင်း

MNDAAနဲ့ TNLA တို့တော်လှန်ရေးအကျိုးမထိခိုက်စေဘဲညှိနှိုင်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း NUG ယာယီသမ္မတပြော

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ က ဆုတောင်းပေးခဲ့ပြီးတော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှု ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြပါတယ်။

မတ်-၁၇၊၂၀၂၆။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ က ဆုတောင်းပေးခဲ့ပြီးတော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှု ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြပါတယ်။

MNDAAနဲ့ TNLA အကြား ညီနောင် မဟာမိတ်အချင်းချင်းပြဿနာဖြစ်ပွားမှုနဲ့ပတ်သက်ပြီးယာယီသမ္မတက ဒီကနေ့ မတ်လ ၁၇ရက်မှာမေတ္တာရပ်ခံတိုက်တွန်းချက်ထုတ်ပြန်ခဲ့တာပါ။

“နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ပြီးနောက်မတ်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNTJP/ MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) ခေါင်းဆောင်များအနေဖြင့် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သတင်းကြားသိရသည့်အတွက် အထူးဝမ်းမြောက်ရပါသည်။တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ဖြစ်သည့်အားလျော်စွာ တော်လှန်ရေးမျက်နှာကို ရှေးရှုလျက် တော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှုကို ဆောင်ရွက်နိုင်ကြလိမ့် မည်ဟု ယုံကြည်ပါသည်” လို့ ယာယီသမ္မတရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်

Public Service Announcement

Public Service Announcement

ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဟာမတ်လ ၁၆ရက်ညက နှစ်ဖက် အပစ်ရပ်စဲဖို့ ထားဖို့ ကနဦးသဘောတူညီချက် ရရှိထားပြီးဒီကနေ့မှာ အသေးစိတ်ဆွေးနွေးမှုတွေဆက်လုပ်နေတယ်လို့ တအာင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ကွတ်ခိုင်မြို့မှာ ဖေဖော်ဝါရီ ၁၃ရက်က နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ပွားခဲ့ရာ တလအကြာ မတ်လ ၁၄ရက်မှာ MNDAAက TNLA ထိန်းချုပ် ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်လို့ မတ်လ ၁၆ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပါတယ်။

“လောလောဆယ်တော့မနေ့ည၁၀နာရီ ကတည်းက အပစ်ရပ်ဖို့ သဘောတူကြတယ်။ သို့သော် အသေးစိတ်ကိုကျတော့ ဒီနေ့ ဆက်ဆွေးနွေးတဲ့ သဘောလို့ ကြားသိရပါတယ်။”လို့ တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။

အခုလို ဆွေးနွေးနိုင်တာ ကောင်းမွန်တဲ့လက္ခဏာဖြစ်သလို ဆွေးနွေးပွဲ ရလဒ်က များစွာ အရေးကြီးကြောင်းလည်း တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။

“ဘယ်လောက်ထိ မျှတမှုရှိလဲပေါ့” ဟု တအာင်းသတင်းရင်းမြစ်က MNDAAနဲ့ TNLA ဆွေးနွေးပွဲ အခြေအနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မှာ ဆွေးနွေးခဲ့မှုအခြေအနေတွေ မေးမြန်းဖို့ လွေးယေဦးဆီကို ဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။