Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ကမ်းဘေးမှာ “လူထုလှုပ်ရှားမှု” အရှိန်မြှင့်ဖို့ လက်ကမ်းစာစောင်များ ဖြန့်ဝေ

​စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီက ဒီကနေ့မှာ ပြည်သူတွေဆီ “လူထုလှုပ်ရှားမှု” ဆိုင်ရာ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေခဲ့ကြပါတယ်။

မတ်-၁၇၊ ၂၀၂၆။People’s Spring

​စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီက ဒီကနေ့မှာ ပြည်သူတွေဆီ “လူထုလှုပ်ရှားမှု” ဆိုင်ရာ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လှုပ်ရှားမှုနဲ့​လူထုလှုပ်ရှားမှု လမ်းသွယ်(၂)မျိုးနဲ့ တိုက်ပွဲဝင်လျက်ရှိရာမှာ လူထုလှုပ်ရှားမှုလမ်းကြောင်း ပိုမိုအားကောင်းလာစေဖို့နဲ့ လူထုလှုပ်ရှားမှုရဲ့ ထိရောက်မှု၊ အသုံးဝင်ပုံတွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေဖို့ ရည်ရွယ်ပြီး ယခုလို မြေပြင်လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဓါတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook