Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNDF တိုက်ခိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တပ်စစ်​ကြောင်းထံက သိမ်းဆည်းရရှိတဲ့လက်နက်​​တွေ။ ဓါတ်ပုံ-Saw Nay Soe's FB

မတ်-၁၈ ၊၂၀၂၆။ဇော်ဝင်း/Peoples Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

မတ်လ ၁၆ရက်က ဖရူဆို- ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးအတိုင်းလာတဲ့ စစ်တပ်ယာဥ်တန်းရဲ့ ရှေ့ပြေးစစ်ကြောင်းနဲ့ နန်းဖဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“KNDF(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်)ရဲ့ တပ်ရင်း-၁၆က စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ဖို့ လုပ်နေတဲ့အချိန် ရှေ့ပြေး စစ်ကြောင်းတွေ့ပြီး ပစ်ခတ်မှု ဖြစ်တာပေါ့”လို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်က ခုနစ်ဦးထက်မနည်းထိခိုက်သေဆုံးပြီး လက်နက်ငါးလက် ရတယ်လို့ အသိပေးပါတယ်။

ဒီးမော့ဆို- ဖရူဆို- ဘောလခဲ လမ်းမကြီး တလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ကြား ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတယ်လို့ KNDFက မတ်လ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

“ဖရူဆို – မာခရော့ရှည် – ထားလဲ -နန်းဖဲ -ဘောလခဲ -ထူးချောင်း နဲ့ ဖားဆောင်းထိ ဆက်သွယ်ရေးလမ်းမကို ပြန်ဖွင့်ဖို့က တကက-၁၄ (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း) မာခရော့ရှည် နဲ့ ထားလဲရွာကြား ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၅ ရက်က ဖရူဆို – ထားလဲ လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှုအတွင်းမှာလည်း စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

စစ်တပ်က ဖားဆောင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း ကရင်နီပြည်နယ်ရဲ့ တစ်ခုတည်းသော သယံဇာတဒေသဖြစ်တဲ့ ခဲတွင်းတွေရှိရာ မော်ချီးဒေသကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါကြောင့် ဖားဆောင်း-မော်ချီးလမ်းပိုင်းက ခဲမဖြူရွာအနီးမှာ စစ်တပ်က အထိုင်ချတပ်စွဲတာအပြင် လေကြောင်းကင်းထောက်တာ ၊ဗုံးကြဲတာတွေ နေ့စဥ်နီးပါး ရှိနေတယ်လို့ သိရပါတယ်။

ဘောလခဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNDF တိုက်ခိုက် မတ်-၁၈ ၊၂၀၂၆။ဇော်ဝင်း/Peoples Spring ကရင်နီပြည်နယ်၊…

Posted by People's Spring on Tuesday 17 March 2026

ရုပ်သံ – Saw Nay Soe/FB

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook