Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNDF တိုက်ခိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တပ်စစ်​ကြောင်းထံက သိမ်းဆည်းရရှိတဲ့လက်နက်​​တွေ။ ဓါတ်ပုံ-Saw Nay Soe's FB

မတ်-၁၈ ၊၂၀၂၆။ဇော်ဝင်း/Peoples Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

မတ်လ ၁၆ရက်က ဖရူဆို- ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးအတိုင်းလာတဲ့ စစ်တပ်ယာဥ်တန်းရဲ့ ရှေ့ပြေးစစ်ကြောင်းနဲ့ နန်းဖဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“KNDF(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်)ရဲ့ တပ်ရင်း-၁၆က စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ဖို့ လုပ်နေတဲ့အချိန် ရှေ့ပြေး စစ်ကြောင်းတွေ့ပြီး ပစ်ခတ်မှု ဖြစ်တာပေါ့”လို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်က ခုနစ်ဦးထက်မနည်းထိခိုက်သေဆုံးပြီး လက်နက်ငါးလက် ရတယ်လို့ အသိပေးပါတယ်။

ဒီးမော့ဆို- ဖရူဆို- ဘောလခဲ လမ်းမကြီး တလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ကြား ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတယ်လို့ KNDFက မတ်လ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

“ဖရူဆို – မာခရော့ရှည် – ထားလဲ -နန်းဖဲ -ဘောလခဲ -ထူးချောင်း နဲ့ ဖားဆောင်းထိ ဆက်သွယ်ရေးလမ်းမကို ပြန်ဖွင့်ဖို့က တကက-၁၄ (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း) မာခရော့ရှည် နဲ့ ထားလဲရွာကြား ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၅ ရက်က ဖရူဆို – ထားလဲ လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှုအတွင်းမှာလည်း စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

စစ်တပ်က ဖားဆောင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း ကရင်နီပြည်နယ်ရဲ့ တစ်ခုတည်းသော သယံဇာတဒေသဖြစ်တဲ့ ခဲတွင်းတွေရှိရာ မော်ချီးဒေသကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါကြောင့် ဖားဆောင်း-မော်ချီးလမ်းပိုင်းက ခဲမဖြူရွာအနီးမှာ စစ်တပ်က အထိုင်ချတပ်စွဲတာအပြင် လေကြောင်းကင်းထောက်တာ ၊ဗုံးကြဲတာတွေ နေ့စဥ်နီးပါး ရှိနေတယ်လို့ သိရပါတယ်။

ဘောလခဲမှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNDF တိုက်ခိုက် မတ်-၁၈ ၊၂၀၂၆။ဇော်ဝင်း/Peoples Spring ကရင်နီပြည်နယ်၊…

Posted by People's Spring on Tuesday 17 March 2026

ရုပ်သံ – Saw Nay Soe/FB

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။