Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်နှင့် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ စစ်ရေးသတိရှိကြရန် ရခိုင်ပြည်သူများအား AA သတိပေး

အပစ်ရပ်စဲရေးလုပ်ဆောင်ထား၍ တစ်နှစ်ကြာ တိုက်ပွဲဖြစ်ပွာမှု မရှိသလောက်နည်းပါးခဲ့သည့် ရခိုင်ပြည်နယ်တွင် လက်တလောကာလ၌ နှစ်ဖက် စစ်ရေးတင်းမာနေသည့် အခြေအနေဟု AAက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်၍ ရက္ခိုင့်တပ်တော်(AA) အနေဖြင့် စစ်ရေးသတိကြီးစွာစောင့်ကြည့်နေပြီး ရခိုင်ပြည်သူ လူထုအနေဖြင့်လည်း စစ်ရေးသတိရှိကြရန် AAက သတိပေးချက်ထုတ်ပြန်လိုက်သည်။

အပစ်ရပ်စဲရေးလုပ်ဆောင်ထား၍ တစ်နှစ်ကြာ တိုက်ပွဲဖြစ်ပွာမှု မရှိသလောက်နည်းပါးခဲ့သည့် ရခိုင်ပြည်နယ်တွင် လက်တလောကာလ၌ နှစ်ဖက် စစ်ရေးတင်းမာနေသည့် အခြေအနေဟု AAက ဆိုသည်။

စစ်ကောင်စီသည် ပေါက်တောမြို့နယ်အတွင်းရှိ သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲတော် ကျင်းပခြင်းအား လမ်းပြုပြင်ရေး၊လုံခြု့ရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်စွက်ဖက် ချယ်လှယ်နေ၍ ဒေသခံပြည်သူလူထုများမှာ စိုးရိမ်မှုမလိုလား ၊ ကြောက်လန့် ရွှံရှာမှုများနှင့်အတူ စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်နေပြီး အခြားတစ်ဖက်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် အကြောင်း ပြချက်အမျိုးမျိုးဖြင့် ရခိုင်ပြည်ကျေးရွာများအတွင်းသို့ တစ်ရွာဝင် ၊တစ်ရွာထွက်၍ နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှား သွာလာနေမှုများ ရှိနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီသည် တပ်အပြောင်းအရွှေ့များ ဆက်တိုက်လုပ်ဆောင်နေပြီး ဘုန်းကြီးကျောင်းများ၌ ညအိပ်ခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးစသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် ပြည်သူ့နေ့စဉ် လူမှုဘ၀ အခြေခံလိုအပ်ချက်များအား ဒေသတွင်းး သယ်ယူပို့ဆောင်နေမှုများကို ဆက်လက်ဟန့်တား ပိတ်ပင်တားမြစ်နေခြင်း၊ ရန်စသော အပြုအမူများကိုလုပ် ဆောင်နေခြင်းများကြောင့် ပြည်သူများ၏ စားဝတ်နေရးအကျပ်အတည်းကို ဖြစ်ပေါ်စေရုံသာ AAနှင့် စစ်ကောင်စီတပ်အကြားတွင် နှစ်ဖက်တင်းမာမှုများ မြင့်တက်စေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သည့် အနေအထားရောက်ရှိလာသောကြောင့် AAအနေဖြင့် စစ်ရေးသတိကြီးစွာဖြင့် အထူးသတိထား စောင့်ကြည့်လျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ကောင်စီမှဆံတော်ရှင် ဘုရားပွဲတော် ကျင်းပမည့်ကိစ္စအပေါ် ဝင်ရောက်စွက်ဖက်ချယ်လှယ်မှုများ ဆက်လက်ပြုလုပ်နေပါက ရခိုင်ပြည်သူလူထုများအနေဖြင့် ဘုရားပွဲတော်သို့ လာရောက်ကြမည့် ကိစ္စအားဆင်ခြင်သုံးသပ်ကြရန် အကြံပြုသည့်အပြင် စစ်ရေးသတိရှိကြပါရန်လည်း သတိပေးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခု ကြေညာချက်နှင့်ပတ်သက်ပြီး AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။