Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လွှတ်​တော်ဒုတိယ​​နေ့မှာ စစ်တပ်ကကျောက်တံခါးကိုစစ်​ကြောင်းထိုး ပစ်ခတ်လို့ကလေးငယ်၁ဦး​သေဆုံး၊၂ဦးဒဏ်ရာရ

စစ်တပ်လွှတ်​တော်​ခေါ်တဲ့ ဒုတိယ​နေ့မှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေက ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကမတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့ ပြည်သူ (၂) ဦး။ဓာတ်ပုံ KNU

မတ် – ၁၈၊၂၀၂၆။ဒလပန်း/People’s Spring

စစ်တပ်လွှတ်​တော်​ခေါ်တဲ့ ဒုတိယ​နေ့မှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေက ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကမတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့​ရွေး​ကောက်ပွဲအပြီး စစ်တပ်လွှတ်​​တော်​ခေါ်တာ ဒုတိယ​နေ့ဖြစ်တဲ့ မတ်လ ၁၇ ရက် မနက်ပိုင်းမှာ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့နဲ့ ဆေးရိုးခင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ကဇရပ်ခင်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုးခဲ့ပါတယ်။

“အရင်နေ့ထဲက ဆေးရိုးခင်နားမှာ အင်အားတွေလာချသွားတာ ၄၀၀ ရာလောက်တော့ရှိတယ်။ ဆေးရိုးခင်ဘက်ကနေ ဇရပ်ခင်ရွာတောင်ဘက်ကိုစဝင်တာ။ လက်နက်ကြီးကော ဒရုန်းကောကြဲပြီး စစ်ကြောင်းထိုးတာ ” လို့ ဇရပ်ခင်းရွာသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်သားတွေကဇရပ်ခင်ရွာသူရွာသား မိသားစုဝင် (၃) ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ်ရဲမင်းနိုင် ၊ အသက် ၃၄ နှစ်အရွယ် မလေးခင် တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သူတို့ရဲ့ သားဖြစ်သူ ဖိုးသောက်ကြာ (၂)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကစစ်ကြောင်းထိုဝင်ရောက်လာတကြောင့် သဲဖြူရွာသစ်၊ရွှေတဲစု၊ပေါက်ကုန်း၊သဲဖြူရွာဟောင်း၊ဇရပ်ခင်၊နံဇလေး၊ ရွာသာယာနဲ့သစ်တဲကျေးရွာ စုစုပေါင်း ကျေးရွာ (၈) ရွာက အိမ်ခြေ (၄၀၇) အိမ်ထောင်ရှိ လူဦးရေ (၁၇၄၃) ဦးဟာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အ​ရေး​​ပေါ်အကူ အညီမှုတွေလိုအပ်လျက်ရှိတယ်လို့ ကူညီသူတွေက ဆိုကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။