Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လွှတ်​တော်ဒုတိယ​​နေ့မှာ စစ်တပ်ကကျောက်တံခါးကိုစစ်​ကြောင်းထိုး ပစ်ခတ်လို့ကလေးငယ်၁ဦး​သေဆုံး၊၂ဦးဒဏ်ရာရ

စစ်တပ်လွှတ်​တော်​ခေါ်တဲ့ ဒုတိယ​နေ့မှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေက ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကမတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့ ပြည်သူ (၂) ဦး။ဓာတ်ပုံ KNU

မတ် – ၁၈၊၂၀၂၆။ဒလပန်း/People’s Spring

စစ်တပ်လွှတ်​တော်​ခေါ်တဲ့ ဒုတိယ​နေ့မှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေက ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကမတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့​ရွေး​ကောက်ပွဲအပြီး စစ်တပ်လွှတ်​​တော်​ခေါ်တာ ဒုတိယ​နေ့ဖြစ်တဲ့ မတ်လ ၁၇ ရက် မနက်ပိုင်းမှာ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့နဲ့ ဆေးရိုးခင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ကဇရပ်ခင်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုးခဲ့ပါတယ်။

“အရင်နေ့ထဲက ဆေးရိုးခင်နားမှာ အင်အားတွေလာချသွားတာ ၄၀၀ ရာလောက်တော့ရှိတယ်။ ဆေးရိုးခင်ဘက်ကနေ ဇရပ်ခင်ရွာတောင်ဘက်ကိုစဝင်တာ။ လက်နက်ကြီးကော ဒရုန်းကောကြဲပြီး စစ်ကြောင်းထိုးတာ ” လို့ ဇရပ်ခင်းရွာသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်သားတွေကဇရပ်ခင်ရွာသူရွာသား မိသားစုဝင် (၃) ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ်ရဲမင်းနိုင် ၊ အသက် ၃၄ နှစ်အရွယ် မလေးခင် တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သူတို့ရဲ့ သားဖြစ်သူ ဖိုးသောက်ကြာ (၂)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကစစ်ကြောင်းထိုဝင်ရောက်လာတကြောင့် သဲဖြူရွာသစ်၊ရွှေတဲစု၊ပေါက်ကုန်း၊သဲဖြူရွာဟောင်း၊ဇရပ်ခင်၊နံဇလေး၊ ရွာသာယာနဲ့သစ်တဲကျေးရွာ စုစုပေါင်း ကျေးရွာ (၈) ရွာက အိမ်ခြေ (၄၀၇) အိမ်ထောင်ရှိ လူဦးရေ (၁၇၄၃) ဦးဟာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အ​ရေး​​ပေါ်အကူ အညီမှုတွေလိုအပ်လျက်ရှိတယ်လို့ ကူညီသူတွေက ဆိုကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။