Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လွှတ်​တော်​ငါးရက်​မြောက်​နေ့မှာ ကသာမြို့ကစစ်ဘေးရှောင်​တွေခိုလှုံတဲ့ဘုန်းကြီးကျောင်းကို စစ်​ကောင်စီ ဗုံးကြဲ

​နေပြည်​တော်မှာ စစ်တပ်လွှတ်​တော်​တွေလုပ်​နေတာ ၅ ရက်​မြောက်​နေ့မှာပဲ ကသာမြို့ကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်း ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကိုတွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ

မတ်-၂၀၊၂၀၂၆။အိမ်သွင်/People’s Spring

​နေပြည်​တော်မှာ စစ်တပ်လွှတ်​တော်​တွေလုပ်​နေတာ ၅ ရက်​မြောက်​နေ့မှာပဲ ကသာမြို့ကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်း ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ကသာမြို့၊ရပ်ကွက်(၃)ထဲက လေးထပ်ကျောင်းကို မတ်လ ၂၀ရက် နေ့လယ်မှာ လေကြောင်းကနေစစ်တပ်က ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

“တချို့ ခေါင်းပြတ်သွားတယ်။ အခြေအနေ အရမ်းဆိုးတယ်။ အဲ့ကျောင်းက စစ်ရှောင်တွေနေတာပါ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က စိတ်တိုင်းကျစီစဥ်ထားတဲ့​ရွေး​ကောက်ပွဲလုပ်ပြီး စစ်တပ်လွှတ်​တော်​တွေကို မတ် ၁၆ ရက်ကစတင်ကျင်းပ​နေပါတယ်။စစ်တပ်လွှတ်​တော်​တွေလုပ်​နေ​ပေမယ့်စစ်အုပ်စုက ပြည်သူ​တွေကိုဗုံးကြဲတာ ၊စစ်​ကြောင်းထိုးအကြမ်းဖက်သတ်ဖြတ်တာ ၊​ပေါ်တာဆွဲတာ ​တွေကို ဆက်လက်ပြုလုပ်​နေတာဖြစ်ပါတယ် ။

ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။ စစ်တပ်က မြို့ကို ဗုံးကြဲလို့ ​တော်လှန်​ရေးတပ်​တွေက ပြန်ဆုတ်ခွာခဲ့ပါတယ်။ တိုက်ပွဲတွေမရှိတော့လို့ ဒေသခံတွေ မြို့ထဲကို ပြန်ဝင် နေချိန်မှာ စစ်ကောင်စီက ဗုံးကြဲတာပါ။

ဗုံးကြဲမှု​ကြောင့် ထိခိုက်မှူအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။နောက်ထပ် လေကြောင်းတိုက်ခိုက်မယ့်သတင်းကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

​ဗုံးကြဲခံရပြီး​ဘုန်းကြီးကျောင်းဟာဆိုးရွာစွာပျက်စီးသွားသလို ​​သေဆုံးသူ​တွေရဲ့ ခန္ဒာကိုယ်အစိတ်အပိုင်း​တွေ ၊​ ခန္ဒာကိုယ်ဆိုးဆိုးရွားရွာပျက်စီး​နေသူ​တွေ စသဖြင့်​သေဆုံးသူအများအပြားရှိတာကို သတင်းဓါတ်ပုံ​တွေထဲမှာ​တွေ့ရပါတယ် ။​သေဆုံးသူ​​တွေထဲမှာ က​လေးငယ်​လေး​တွေ ၊သံဃာ​တော် နဲ့ အမျိုးသမီး​တွေအများဆုံး​ပါဝင်တာကိုလည်း​တွေ့ရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။