Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး လေကြောင်းတိုက်ခိုက်၊ ပြည်သူတွေ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်က မတ်လ ၂၁ရက်မှာ ကသာမြို့၊ ဘုန်းကြီး​ကျောင်းကို ဆွမ်းစား​နေချိန်မှာ ဗုံးကြဲပြီး​နောက် မြင်ကွင်း။ ဓာတ်ပုံ - ဒေသခံ

မတ်-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့ သတင်းရရှိပါတယ်။

မတ်လ ၂၀ရက် နေ့လယ်က ကသာမြို့ ရပ်ကွက်(၃)မှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက လေကြောင်းက‌နေ ရိက္ခာထုပ်တွေချသလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက အရင်ရက်က ပြင်းပြင်းထန်ထန်ဖြစ်မနေဘူး။ လေကြောင်းကနေ မြို့ပတ်ဝန်းကျင်ရွာတွေကိုကြဲပြီး အခုကျတော့ မြို့ထဲရပ်ကွက်ကိုတွေကိုပါကြဲနေတာ။ ရပ်ကွက်(၅)ကို အများဆုံးကြဲတာ”လို့ ယင်းဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မတ်လ ၂၃ရက် မနက်ပိုင်းမှာတော့ မြေပြင်မှာ ပစ်ခတ်သံတွေ ပိုကြားရပြီး လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲနေတယ်လို့ မြို့ပြင်ဘက်မှာ ယခင်ကတည်းက စစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။

စစ်တပ်က မြို့ခံတွေကို ထွက်ခွင့်မပေးတဲ့အတွက် စိုးရိမ်နေရတယ်လို့ မန္တလေးမြို့မှာ စစ်ဘေးရှောင်နေတဲ့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေဟာ ပိတ်မိနေသူတွေရဲ့ ဓာတ်ပုံတွေကိုတင်ပြီး လူမှုကွန်ရက်ကတဆင့် အဆက်အသွယ်ကအောင် ကြိုးစားနေကြပါတယ်။

မတ်လ ၂၀ရက်က ဗုံးကြဲတိုက်ခိုက်မှုမှာ သံဃာတော်နဲ့အရပ်သားတွေ ထိခိုက်မှုများပြီး ၈၀ခန့်အထိ သေဆုံးနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် သေဆုံးသူစာရင်း အသေးစိတ်ကို အတည်ပြုနေကြဆဲဖြစ်ပါတယ်။

ကသာမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ၂၀၂၅ ဒီဇင်ဘာ ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။ စစ်တပ်က မြို့ကို ဗုံးကြဲလို့ ပြန်ဆုတ်ခွာခဲ့ပါတယ်။ ‌

ဒေသခံတွေ မြို့အတွင်းပြန်လာနေဖို့ စစ်တပ်က ဖိအားပေးခဲ့ပြီး စာသင်ကျောင်းတွေကိုလည်းအတင်းအကြပ်ပြန်ဖွင့်ခိုင်းခဲ့ပါတယ်။ တိုက်ပွဲတွေမရှိတော့လို့ ဒေသခံတွေ မြို့အတွင်း ပြန်ဝင်ချိန်မှာ စစ်တပ်က ဗုံးကြဲတာပါ။ မတ်လ ၂၀ရက်မနက်မှာတော့ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတချို့ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က မြို့ပေါ်ကို ပစ်မှတ်ထားဗုံးကြဲနေပြီး အရပ်သားတွေကို ဓားစာခံပုံစံလုပ်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

စစ်တပ်ဟာ ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်းက ကျွန်းလှ၊ ကနီ၊ မြောင်မြို့နယ်တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ဂျက်ဖိုက်တာ ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။မတ်လ ၁၅ ရက် ညနေက ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ ဒေသခံ ၁၃ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီ‌နေ့ မတ်လ ၂၃ရက် နေ့လယ်ပိုင်းမှာလည်း မြောင်မြို့နယ် သောင်ကြီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၅ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ မြောင်မြို့နယ်အခြေစိုက်အဖွဲ့ CDSOM တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook