Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ဒေသခံ ငါးဦးကိုသတ်ဖြတ်သွား

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်ထဲက အင်ပင်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရွာပြင်မှာစွန့်ပစ်ထားခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။

မတ် – ၂၅ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်ထဲက အင်ပင်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရွာပြင်မှာစွန့်ပစ်ထားခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။

အင်ပင်ကြီးရွာကို မတ်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်အင်အား ၇၀ ခန့်က စီးနင်းဝင်ရောက်ခဲ့တာဖြစ်ပြီး အမျိုးသား လေးဦး နဲ့အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ခြောက်ရက်အကြာမှာ ရွာခံတွေ ရွာထဲကို ပြန်လည်ဝင်ရောက်ကြည့်ရှုချိန်မှာတော့ ရွာပြင်မှာ စွန့်ပစ်ထားတဲ့အလောင်း တွေကို တွေ့ရတာလို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ ရုပ်အလောင်းတွေကြည့်ရတာက တော်တော် နှိပ်စက်ပြီးမှသတ်ထားတဲ့ပုံစံမျိုးပါ “ လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းသတ်ဖြတ်သွားသူတွေဟာ အင်ပင်ကြီးရွာဒေသခံတွေဖြစ်တဲ့ အသက် ၄၀ အရွယ် ဒေါ်စန်းခိုင် နဲ့ ကိုမိုက်ခဲ ၊ ကိုညီအောင် ၊ ကိုဇော်မျိုးအောင်နဲ့ ကိုသူရလွင်တို့ဖြစ်ပါတယ်။

အသတ်ခံရတဲ့အမျိုးသားတွေကတော့ အသက် ၃၀ နဲ့ ၄၀ ကြား အရွယ်တွေဖြစ်တယ်လို့ နယ်ခံ သတင်းရင်းမြစ်က ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကြောင့်အင်ပင်ကြီးရွာအပါအဝင်အနီးတဝိုက်ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လယ်ကြီးရွာနဲ့ ကျောက်တံခါးရွာဖက်မှာရှိနေပြီး အနီးနားရွာတွေကို စစ်ကြောင်း ထပ်ထိုးဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ် စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မတက်နိုင်သေးဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook