Connect with us

Hi, what are you looking for?

News

ကျောက်မဲပညာ​ရေးမှူးရုံးဝန်းအတွင်းအသံဗုံးကွဲပြီး စစ်​ကောင်စီတပ်ကလူငယ်နှစ်ဦးကိုပစ်သတ်၊ သုံးဦးကိုဖမ်းဆီး

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များကလူငယ်ငါးဦးကို ဗုံး​ဖောက်ခွဲသည်ဆိုကာလိုက်လမ်းဖမ်းဆီးပြီး နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

People's Spring
People's Spring

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ရှိပညာရေးမှူးရုံးဝန်းတစ်​ နေရာတွင်​ ယနေ့(ဒီဇင်ဘာ ၁၁) နံနက်ကအသံဗုံးတစ်လုံး​ပေါက်ကွဲပြီး လူငယ်ငါးဦးကို ဗုံး​ဖောက်ခွဲသည်ဆိုကာအာဏာသိမ်းစစ်​ကောင်စီတပ်လိုက်လံဖမ်းဆီးပြီး ​သေနတ်ဖြင့်လူငယ်နှစ်ဦး​ကိုပစ်သတ်လိုက်ကြောင်း​ဒေသခံများက​ပြောသည်။

​ကျောက်မဲမြို့ ၊( ၇ )ရပ်ကွက်ရှိ ပညာ​ရေးမှူးရုံးဝန်တစ်​နေရာတွင်ယ​နေ့နံနက်၁၀ နာရီ ၅၀ မိနစ်က အသံ ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။ တစ်ဦးမျှ ထိခိုက်မှုမရှိခဲ့သော ယင်း​ဖြစ်စဥ်သည် PDFလူငယ်များက Non CDM ဝန်ထမ်းများကို သတိပေးရုံ ပြုလုပ်​​ခြင်းဟုဒေသခံများကပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များကလူငယ်ငါးဦးကို ဗုံး​ဖောက်ခွဲသည်ဆိုကာလိုက်လမ်းဖမ်းဆီးပြီး နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

” လူငယ်ငါးဦးမှာ နှစ်ယောက် သေဆုံးတယ်။ အခု စစ်ကြောရေးလုပ်နေတယ်လို့ သတင်းရတယ်။ ဆက်စပ်တဲ့သူတွေ ရှောင်ကြဖို့လိုတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။