Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာကို လှည့်စားဖို့ဖွင့်တဲ့ စစ်တွေမြို့အဝင်မုဒ်ဦးသစ်

မတ်-၂၆၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်‌တွေမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေတာ​ကြောင့် ကျေးရွာအများစုက ဒေသခံပြည်သူတွေထွက်

ပြေးတိမ်းရှောင်နေရစဉ်မှာ စစ်​ကောင်စီက တပ်မ

တော် နေ့ဂုဏ်ပြုအထိန်းအမှတ်ဆိုပြီး မြို့အဝင်မုခ်ဦးအသစ်ဖွင့်ပွဲကို မတ်လ ၂၅ ရက်ကပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအခမ်းအနားကို စစ်ကောင်စီရဲ့ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေအပြင် AAရဲ့ အမ်းမြို့နဲ့ အနောက်ပိုင်းအတိုင်းစစ်ဌာနချုပ်(နမခ)သိမ်းစစ်ဆင်ရေးမှာ စစ်တွေမြို့ကို ထွက်ပြေးသွားတဲ့ တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးလည်း ရောက်ရှိလာတာတွေ့ရပါတယ်။၈၁ နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်တာလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။

စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇန်နဝါ

ရီလကစပြီး တိုက်ပွဲတွေပိုမိုပြင်းထန်လာသလို စစ်တပ်က မြို့အနီးပတ်ဝန်းကျင်နဲ့ ဒေသချင်းဆက်စပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တွေကို ​လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက် နေပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ နေထိုင်တဲ့ ယိုးငူကျေးရွာကိုဖေဖော်ဝါရီလ ၂၄ ရက်မှာ လေ

ကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင်ဒေသခံပြည်သူ၁၇ဦးသေဆုံးခဲ့တယ်လို့အာရက္ခတပ်တော် AA က ထုတ်ပြန်ခဲ့ပါတယ်။

စစ်တွေမြို့ဟာ စစ်ကောင်စီ ခြေကုတ်ယူထားတဲ့ အဓိကမြို့ဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်

(ဒကစ)အပြင် ရဲတပ်ရင်း(၁၂)မှာလည်း အခိုင်

အမာတပ်စွဲထားပါတယ်။ စစ်တွေမြို့ပတ်ဝန်းကျင်ကရွာတွေမှာနေတဲ့ဒေသခံတွေကို စစ်ကောင်စီကဖယ်ရှားခိုင်းထားပြီး ပင်လယ်ထွက်ပေါက်ကိုလည်း ပိတ်ထားပါတယ်။ စစ်တွေမြို့ဘေးက ရွာတွေကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးထားပြီး နေစရာအိမ်မရှိတော့တဲ့အတွက် တိမ်းရှောင်နေရသူ တစ် သိန်းခွဲနီးပါးရှိတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။

“ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေကိုထိန်း

ချုပ်ထားနိုင်တယ်လို့ နိုင်ငံတကာကိုပြချင်လို့ ဟန်

ပြဖွံ့ဖြိုးရေးတွေလုပ်ပြနေတာ။မြို့ကပုံစံပျက်သွားပြီ။ ဒေသခံအများစုက စားဝတ်နေရေးတော်တော်ဒုက္ခရောက်နေတာပါ” လို့ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့မှာအိန္ဒိယနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ အ

ကောင်အထည်ဖော်နေတဲ့ရေနက်ဆိပ်ကမ်းစီမံ

ကိန်းရှိနေပြီး ဒေသတွင်းမှာ အေးချမ်းနေတယ်လို့လိမ်ညာပြီးဝါဒဖြန့်နေတယ်လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

AAဟာ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေကလွဲပြီး ကျန် ၁၄ မြို့နယ်စလုံးကို သိမ်းယူထားပါတယ်။ တစ်ပြည်နယ်လုံးကိုထိန်းချုပ်နိုင်တဲ့အထိ ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ AAက သတင်းထုတ်ပြန်ထားပြီး လက်ရှိမှာလည်း ကျောက်ဖြူနဲ့စစ်တွေမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

စစ်​တွေနဲ့ ​ကျောက်ဖြူ နှစ်မြို့နယ်စလုံးမှာတရုတ်နဲ့အိန္ဒိယအစိုးရရဲ့ရင်းနှီးမြုပ်နှံမှုတွေရှိလို့ AAအနေနဲ့ စစ်ရေးကိုထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နေရတယ်လို့ လေ့လာသူတွေကပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ကြားကနေ စစ်ကောင်စီက

စစ်တွေမြို့အဝင် မုဒ်ဦးအသစ်ဖွင့်လိုက်သလို ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တွေကိုလည်း လေကြောင်းခရီးစဉ်တွေ မဖြစ်မနေပြေးဆွဲရမယ်လို့ စစ်​ကောင်စီကညွှန်ကြားခဲ့ပါတယ်။

မတ်လ၂၅ ရက်ကလုပ်ခဲ့တဲ့စစ်​တွေမုဒ်ဦးအသစ်

ဖွင့်ပွဲကိုတော့ တိုင်းမှူးအပါအဝင် စစ်ကောင်စီရဲ့ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးတင်းကြပ်ခဲ့သလို့ အခမ်းအနားကို အချိန်တိုအတွင်းပြီးစီးအောင် ခပ်မြန်မြန်လုပ်သွားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ