Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းလစဉ်ကြေးတိုးမြှင့်ကောက်ခံ

မန္တလေးမြို့က ရပ်ကွက်အချို့မှာ စစ်မှုထမ်းအတွက် ကောက်ခံနေတဲ့ လစဉ်ကြေးကို စစ်ကောင်စီရဲ့အောက်ခြေအုပ်ချုပ်ရေးပိုင်းက သောင်းဂဏန်းအထိတိုးမြှင့်ကောက်ခံလာတယ်လို့ ရပ်ကွက်နေပြည်သူအချို့ဆီကသိရပါတယ်။

မတ် – ၂၇ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့က ရပ်ကွက်အချို့မှာ စစ်မှုထမ်းအတွက် ကောက်ခံနေတဲ့ လစဉ်ကြေးကို စစ်ကောင်စီရဲ့အောက်ခြေအုပ်ချုပ်ရေးပိုင်းက သောင်းဂဏန်းအထိတိုးမြှင့်ကောက်ခံလာတယ်လို့ ရပ်ကွက်နေပြည်သူအချို့ဆီကသိရပါတယ်။

ကနဦးက တစ်လကို ကျပ်တစ်သောင်းကောက်ခံနေရာကနေ ကျပ်သုံးသောင်းအထိ တိုးကောက်လာလို့ ပုသိမ်ကြီးမြို့နယ်အတွင်းနေထိုင်သူ ပြည်သူတစ်ဦးကပြောပါတယ်။

“အခုသုံးသောင်းဖြစ်သွားပြီ၊ မပေးတဲ့အိမ်ဆိုရင် ရှိတဲ့ယောကျာ်းလေးကိုရှေ့တန်းပို့ပစ်မယ်ပြောတာ”လို့ ပုသိမ်ကြီးမြို့နယ် မှာနေထိုင်သူ ပြည်သူကတစ်ဦးပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာအများစုမှာ သာမာန်လက်လုပ်လက်စားပြည်သူတွေအများစုနေထိုင်ကြတာပါ။

လက်ရှိမှာ စက်သုံးဆီခက်ခဲရှားပါးလာတာကြောင့် စပါးရိတ်တာ၊ထော်လာဂျီအငှါးလိုက်တာ၊ စပါးကွင်းရေတင်တာ စတဲ့တောင်ယာလုပ်ငန်းအချို့လည်း ရပ်ဆိုင်းထားရတဲ့အတွက် အလုပ်အကိုင်လည်းရှားပါးနေကြတယ်လို့ သိရပါတယ်။

အခုလို အချိန်မှာ စစ်မှုထမ်းကြေးတိုးမြှင့်ကောက်ခံတာက ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာတယ်လို့ ပုသိမ်ကြီးမြို့ခံက ဆိုပါတယ်။

မန္တလေးဟာ စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး မန္တလေး PDF အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေကို လည်းပြန်လည်ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီတပ် ဟာ မန္တလေးမှာ လစဉ် စစ်မှုထမ်း အင်အား ပြည့်မီဖို့အတွက် ရပ်ကွက်တွေမှာ လူငယ်တွေကို စစ်မှုထမ်းစုဆောင်းတာအပြင် ပေါ်တာဆွဲတာ ၊အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေလည်းရှိနေပါတယ်။ 

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။