Connect with us

Hi, what are you looking for?

သတင်း

အစိုးရ ရုံးတွေမှာ ဓာတ်အား သုံးစွဲမှု လျှော့ဖို့၊ အဲကွန်းတွေ ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် ညွှန်ကြားထား

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။

အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာ လောင်စာဆီ ရှားပါး ပြတ်လပ်လာတာကို တန်ပြန်တဲ့ အစီအမံ တစ်ရပ်အနေနဲ့ မတ်လ ၃၀ ရက်နေ့မှာ အဲဒီ အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။

လူဦးရေ သန်းပေါင်း ၁၇၀ လောက် နေထိုင်တဲ့ အာရှတောင်ပိုင်း နိုင်ငံအတွက် လိုအပ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့ စုစုပေါင်း ၉၅ ရာခိုင်နှုန်းလောက်ကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းက ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်း စွမ်းအင် ဖူလုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး ကြုံတွေ့လာစေပါတယ်။

အစိုးရရဲ့ ပြည်သူ့စီမံအုပ်ချုပ်ရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေ ထုတ်ပြန်ရာမှာတော့ ရုံးတွေမှာ အနည်းဆုံး လိုအပ်တဲ့ ပမာဏမျိုးထိပဲ မီးတွေ ဖွင့်ကြဖို့၊ ပန်ကာတွေ၊ အဲကွန်းတွေနဲ့ တခြား အီလက်ထရောနစ် ပစ္စည်းတွေကို တတ်နိုင်သမျှ မသုံးကြဖို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ထမ်းတွေဟာ အလုပ်ချိန် ပြီးတာနဲ့ မီးတွေကို ပိတ်ရမယ်လို့ ညွှန်ကြားခံထားရသလို မဖြစ်မနေ အဲကွန်းဖွင့်ရမယ် ဆိုရင်လည်း အပူချိန်ကို ၂၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် လျှော့မဖွင့်ဖို့ အမိန့်ပေးထားပါတယ်။

လောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်ဟာ အရေးပေါ် ကြုံတွေ့နေတဲ့ စွမ်းအင် အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာ မိတ်ဖက်တွေဆီက ဒေါ်လာ ၂ ဘီလီယံလောက် ချေးယူနိုင်ဖို့လည်း ကြိုးစားနေပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ လောင်စာ အကျပ်အတည်းကို ထိန်းညှိလျှော့ချဖို့အတွက် ပြည်တွင်းမှာ စက်သုံးဆီကို ခွဲတမ်းနဲ့ ရောင်းချတာ၊ ဓာတ်မြေဩဇာ စက်ရုံအများစုကို လည်ပတ်မှု ရပ်ဆိုင်းစေတာ၊ မသမာမှုတွေ မဖြစ်စေဖို့ ဆီဆိုင်တွေမှာ ရဲအင်အား ဖြန့်ကျက်ထားရှိတာမျိုး အစီအမံတွေကိုလည်း ကျင့်သုံးနေပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။