Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက် တိုက်ပွဲတွေက ကျည်ဆန်တွေ လမ်းချော်လာလို့ ထိုင်းစစ်တပ် သတိပေးပစ်ခတ်

မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေလမ်းချော်ကျရောက်လာတဲ့နောက် ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

ထိုင်းစစ်တပ်ဘက်က မြန်မာဘက်ကိုမီးခိုးဗုံးပစ်ပြီး​တော့ သတိ​ပေး​​နေစဥ်။ဓါတ်ပုံ-Addy

ဧပြီ-၁၊၂၀၂၆။People’s Spring

မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေလမ်းချော်ကျရောက်လာတဲ့နောက် ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

မဲဆောက်မှာမြန်မာဖက်ကပစ်ခတ်လိုက်တဲ့ ကျည်ဆန်တွေ ကျရောက်ခဲ့တာကြောင့် ရွှေ့ပြောင်း မြန်မာအလုပ်သမား တစ်ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်နာရူဆွမ်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ် မိုင်ထရီ ချူပရီချာက ပြောကြားခဲ့ပါတယ်။

မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မဲဆောက်မှာရှိတဲ့ ဟွိုင်မဟာဝေါင်နဲ့ မဟာဝမ်တို့မှာ မြန်မာဖက်ခြမ်း တိုက်ပွဲတွေက ကျည်ဆန်တွေ ကျရောက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်စည်းကိုကျော်ပြီး ကျည်ဆန်တွေ ကျလာတ့နောက် ထိုင်းဖက်က မီးခိုးဗုံး လေးလုံးကို သတိ
ပေးတဲ့ အနေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မီးခိုးဗုံးတွေ ပစ်ခတ်တာက မြန်မာစစ်တပ်ကိုရော၊ တော်လှန်ရေး အင်အားစုတွေကိုပါ အသိ
ပေး အကြောင်းကြားတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မိုင်ထရီက ဆိုပါတယ်။

မြန်မာဖက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် နယ်စပ်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ နိုးကြား သတိရှိနေကြဖို့ ထိုင်းအာ
ဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ထိုင်းနယ်စပ်ဖက်ခြမ်း အခြေအနေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲလို့လည်း သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ ဖလူး၊မင်းလက်ပံ​ဒေသမှာ​ရော ၊​ဝေါ​လေ​ဗျူဟာမှာပါတိုက်ပွဲ​တွေပြင်းထန်​နေတယ်လို့​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ်​တွေက
​ပြောပါတယ် ။ ဖလူး၊မင်းလက်ပံမှာ စစ်တပ်က စစ်​ကြောင်းထိုးဖို့ကြိုးစားလို့​တော်လှန်​ရေးတပ်​တွေကခုခံတိုက်ခိုက်​နေတာ​ကြောင့်တိုက်ပွဲပြင်းထန်​နေတာဖြစ်ပြီး ၊ဝေါ​လေဗျူဟာကို ​တော်လှန်​ရေးတပ်​တွေကထိုးစစ်ဆင်တာ​ကြောင့်တိုက်ပွဲ​တွေပြင်းထန်​နေတာဖြစ်ပါတယ် ။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

သတင်း

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ကုရပ်ကွက် 7/11စတိုးဆိုင်အနီးမှာ မြန်မာ လူငယ် နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်အား သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားရာ လတ်မြောက်နေသူကို ထိုင်းစစ်တပ်က အပူတပြင်းရှာဖွေနေပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်နားမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား နောက်တစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် ထိုင်းဖက်ကို စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး ခိုလှုံ