Connect with us

Hi, what are you looking for?

သတင်း

မဲဆောက်မှာထိုင်းရဲကို မြန်မာလူငယ်ကသေနတ်နဲ့ပစ်ထွက်ပြေးလို့ထိုင်းစစ်တပ်အပူတပြင်းရှာဖွေနေ

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ကုရပ်ကွက် 7/11စတိုးဆိုင်အနီးမှာ မြန်မာ
လူငယ် နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်အား သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားရာ လတ်မြောက်နေသူကို ထိုင်းစစ်တပ်က အပူတပြင်းရှာဖွေနေပါတယ်။

(အခင်းဖြစ်ပွားခဲ့တဲ့​နေရာ ၊ဖမ်းမိတဲ့ဆိုင်ကယ်နဲ့ ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေကို ဇန်နဝါရီ ၂၀ ညက​တွေ့ရစဥ်။ဓါတ်ပုံ-Addy )

ဇန်နဝါရီ-၂၀ ၊ ၂၀၂၆။Dee/People’s Spring

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်ကုရပ်ကွက် 7/11စတိုးဆိုင်အနီးမှာ မြန်မာ
လူငယ် နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်အား သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားရာ လတ်မြောက်နေသူကို ထိုင်းစစ်တပ်က အပူတပြင်းရှာဖွေနေပါတယ်။

ဒီကနေ့ (ဇန်နဝါရီ ၂၀ရက်) ညနေ ၅နာရီခွဲခန့်မှာ 7/11 စတိုးဆိုင်အနီးမှာ မြန်မာလူငယ် နှစ်ဦးကို
မသင်္ကာလို့ ထိုင်းရဲနှစ်ဦးက စစ်မေးလုပ်​နေချိန်မှာ မြန်မာလူငယ်တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ မဲဆောက်ရောက်မြန်မာတွေက ပြောပါတယ်။

“သေနတ်အရောင်းအဝယ်လုပ်နေကြတာလို့ပြောနေကြတာပဲ။တစ်ယောက်တော့ မိထားတယ်။ စစ်
တပ်ကပါ ရှာနေတော့ မဲဆောက်ကမြန်မာတွေက နာအုံးမှာဘဲ”လို့ မဲဆောာက်မြို့ရောက် မြန်မာတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်နဲ့ပစ်ခတ်မှုကြောင့် ထိုင်းရဲတစ်ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မြန်မာလူငယ် နှစ်ဦးအနက် ဆိုင်ကယ်မောင်းနှင်သူ မြန်မာလူငယ်တစ်ဦး ဖမ်းဆီးခံရပြီး သေနတ်နဲ့ပစ်ခတ်သူမှာ ထွက်ပြေးလွတ်မြောက်သွားလို့ ထိုင်းစစ်တပ်က လိုက်လံရှာဖွေနေတယ်လို့ သတင်းရရှိပါတယ်။

လွတ်မြောက်နေသူမှာ အင်္ကျီအနက်ရောင်ဝတ်
ဆင်ထားပြီး အန္တရာယ်ရှိသူအဖြစ် မဲဆောက်မြို့က ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့က လူမှုကွန်ရက်မှာ ရေးသားသတိပေးနေကြပါတယ်။

လတ်တလော ထိုင်းနိုင်ငံ​ဒေသအချို့မှာထိုင်းနိုင်
ငံသားအချို့နဲ့ ထိုင်း​ရောက်မြန်မာအချို့ ခိုက်ရန်
ဖြစ်ပွားမှုအချို့ရှိခဲ့သလို၊ ထိုင်းအမျိုးသားရေးအစွန်းရောက်သမားတွေက မြန်မာမုန်းတီးရေးအ
ရှိန်မြှင့်လှုံ့ဆော်​နေပါတယ် ။အယုတ္တရ မှာ လည်း မြန်မာနိုင်ငံသားတဦးက ကားနဲ့ ထိုင်းနိုင်ငံသားကိုတိုက်ဖို့ကြိုးစာယတယ်ဆိုပြီး ထိုင်းအမျိုးသား​ရေးအစွန်း​ရောက်အဖွဲ့​တွေပါ​ရောက်လာပြီး မြန်မာအချို့ကိုလိုက်လံရှာအကြမ်းဖက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းအလုပ်သမားဝန်ကြီးဌာနကပါ ရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံတဝန်းတင်းကြပ်စွာစစ်ဆေးမယ်လို့ သတိပေး ကြေညာထားပါတယ်။

လက်ရှိမှာလည်း မြန်မာလုပ်သားတွေ နေထိုင်တဲ့ တန်းလျားတွေနဲ့ နယ်စပ်ဝင်ပေါက်နေရာတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပုံမှန်ထက် ပြုလုပ်နေပါတယ်။

အဲလိုအ​ခြေအ​နေမှာ မြန်မာနိုင်ငံသားသိန်းချီ​နေထိုင်တဲ့ မဲ​ဆောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်နဲ့ပစ်ခတ်တဲ့အမှုဟာ အင်မတန်
ပြစ်မှုကြီးလွန်းတာကြောင့် မဲဆောက်ရောက်မြန်မာတွေ အထူးသတိထားနေထိုင်ကြဖို့ အချင်းချင်း သတိပေးနေကြပါတယ်။

လက်တလော ထိုင်းနိုင်ငံမှာဖြစ်ပွားနေတာဟာ စစ်ကောင်စီ လက်ချက်မကင်းကြောင်းနဲ့ ထိုင်း​ရောက် မြန်မာတွေကို ပုံဖျက်ချင်တဲ့ သဘောလို့အမျိုး
သားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနဲ့ အ
လုပ်သမားဒုဝန်ကြီး ဦးကျော်နီနဲ့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောကြားပါတယ်။

“တမင်လုပ်ဇာတ်ဆင်နေတာ။တမင်ကို အမျိုးသားရေးတွေလုပ်နေတာတွေရှိတယ်။ပြည်ပရောက်မြန်
မာတွေရဲ့အားနည်းချက်တွေပေါ့နော်။ အထောက်
အထားမခိုင်လုံမှု သူများတိုင်းပြည်မှာဧည့်သည်လို ရိုရိုကျိုးကျိုး နဲ့ကို ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးနေနေကြတဲ့ မြန်မာတွေကို ထပ်ပြီးတော့ လုပ်လိုတာတွေ ပုံဖျက်ပြီးတိုက်ခိုက်တာတွေဒါတွေရှိလာတဲ့အ
တွက်‌ကြောင့် ပိုပြီးတော့ ဂရုစိုက်ရမယ်။ ဒီဟာတွေရဲ့ နောက်ဆက်တွဲက ကျွန်တော်ထင်ပါတယ်။ စကစရဲ့စနက်တွေ မကင်းဘူးလို့ထင်တယ်”လို့
ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

ဒါ့ကြောင့် မြန်မာလုပ်သားတွေအနေနဲ့ အရင်ကထက်ပိုပြီး ဂရုစိုက်နေထိုင်ကြဖို့လည်း ဒုဝန်ကြီးက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သတင်း

ကမ္ဘာလှည့် ခရီးသွားတွေအဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတွေဟာ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်မှာ အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုက် တစ်ခုအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ အမျိုးသမီး နှစ်ဦးကို ဆိုက်ဘာ လုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

Facebook