ဧပြီ-၁၊၂၀၂၆။People’s Spring
မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေလမ်းချော်ကျရောက်လာတဲ့နောက် ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။
မဲဆောက်မှာမြန်မာဖက်ကပစ်ခတ်လိုက်တဲ့ ကျည်ဆန်တွေ ကျရောက်ခဲ့တာကြောင့် ရွှေ့ပြောင်း မြန်မာအလုပ်သမား တစ်ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်နာရူဆွမ်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ် မိုင်ထရီ ချူပရီချာက ပြောကြားခဲ့ပါတယ်။
မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မဲဆောက်မှာရှိတဲ့ ဟွိုင်မဟာဝေါင်နဲ့ မဟာဝမ်တို့မှာ မြန်မာဖက်ခြမ်း တိုက်ပွဲတွေက ကျည်ဆန်တွေ ကျရောက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
နယ်စပ်စည်းကိုကျော်ပြီး ကျည်ဆန်တွေ ကျလာတ့နောက် ထိုင်းဖက်က မီးခိုးဗုံး လေးလုံးကို သတိ
ပေးတဲ့ အနေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မီးခိုးဗုံးတွေ ပစ်ခတ်တာက မြန်မာစစ်တပ်ကိုရော၊ တော်လှန်ရေး အင်အားစုတွေကိုပါ အသိ
ပေး အကြောင်းကြားတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မိုင်ထရီက ဆိုပါတယ်။
မြန်မာဖက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် နယ်စပ်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ နိုးကြား သတိရှိနေကြဖို့ ထိုင်းအာ
ဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ထိုင်းနယ်စပ်ဖက်ခြမ်း အခြေအနေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲလို့လည်း သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ဖလူး၊မင်းလက်ပံဒေသမှာရော ၊ဝေါလေဗျူဟာမှာပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက
ပြောပါတယ် ။ ဖလူး၊မင်းလက်ပံမှာ စစ်တပ်က စစ်ကြောင်းထိုးဖို့ကြိုးစားလို့တော်လှန်ရေးတပ်တွေကခုခံတိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ၊ဝေါလေဗျူဟာကို တော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တာကြောင့်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ် ။
ကိုးကား-Khaosod


















































