Connect with us

Hi, what are you looking for?

သတင်း

ဗကသခေါင်းဆောင်ဟောင်း ကိုဂျိမ်းပြန်လွတ်မြောက်လာ

စစ်ကောင်စီက မတရားပြစ်ဒဏ် (၈)နှစ်ကျော် ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်း‌ဆောင်ဟောင်း ကိုဂျိမ်း (ခ)လင်းထက်နိုင် ပြန်လည်လွတ်မြောက်လာတယ်လို့ သူရဲ့ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က အသိပေးထားပါတယ်။

ပြန်လွတ်​မြောက်လာတဲ့ကိုဂျိမ်း။ဓါတ်ပုံ-Phyoe Phyoe Aung's FB

ဧပြီ-၁၊၂၀၂၆။သတိုး/People’s Spring

စစ်ကောင်စီက မတရားပြစ်ဒဏ် (၈)နှစ်ကျော် ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်း‌ဆောင်ဟောင်း ကိုဂျိမ်း (ခ)လင်းထက်နိုင် ပြန်လည်လွတ်မြောက်လာတယ်လို့ သူရဲ့ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က အသိပေးထားပါတယ်။

“ဂျိမ်း ဒီနေ့ လွတ် လာပါပြီ”လို့ မဖြိုးဖြိုးအောင်က ဒီနေ့ (ဧပြီ ၁)မှာ ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ ‌မျှဝေထားတာပါ။

စစ်တပ်က ကိုဂျိမ်း ကို ၂၀၂၂ ဇွန်လ ၁၈ ရက်က ရန်ကုန်မြို့မှာဖမ်းဆီးခဲ့ပြီး အဲဒီ့နှစ်ဒီဇင်ဘာ ၇ ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် သုံးနှစ်ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ၂၀၂၃ ဖေဖော်ဝါရီမှာ ဗိုလ်တထောင်တရားရုံးက ပုဒ်မ ၅၂-ခ နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီး ၅၀-ည နဲ့လည်းအမှုဆက်လက်ရင်ဆိုင်နေရသူပါ။

ဆက်စပ်သတင်းများ

သတင်း

ပြည်အကျဥ်းထောင်၌ ပစ်ခတ်ရိုက်နှက်မှုဖြစ်စဉ်အတွင်း နိုင်ငံရေးအကျဉ်းသား ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒိုက်ဦးအကျဉ်းထောင် မှာ နိုင်ငံရေး အကျဉ်းသူ ၁၃ ဦး တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (Women's Organization of Political Prisoners)က ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဟု AAPP က ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးအပြီးတွင် အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဥ်ကို စီစဥ်နေကြောင်း ကြေညာလိုက်ပြီး ထင်ရှား သည့်နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။