Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာရှိ စစ်ကောင်စီတပ်ဗျူဟာမှူးတပ်စွဲထားသောနေရာနှင့် ရဲတပ်ရင်း(၉) လောင်ချာဖြင့် အထုခံရ

“ရင်တွေ အခုထိတုန်နေတုန်း။ အကျယ်ကြီးပဲအိမ်ထဲထိတောင် ယမ်းငွေ့နံ့ကရောက်တယ်”ဟု အခင်းဖြစ်ရပ်အနီးမှ ဒေသခံတစ်ဦးကပြောသည်။

လှိုင်သာယာမြို့နယ် အနော်ရထာဝင်းအတွင်းရှိ စစ်ကောင်စီတပ် ဗျူဟာမှူးတပ်စွဲထားသည့်နေရာကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၁)ညပိုင်းတွင် အမည်မသိအဖွဲ့အစည်းတစ်ခုက ဗုံးပစ်လောင်ချာဖြင့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးတပ်စွဲသည့်နေရာကို ခြောက်ကြိမ်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ရင်တွေ အခုထိတုန်နေတုန်း။ အကျယ်ကြီးပဲအိမ်ထဲထိတောင် ယမ်းငွေ့နံ့ကရောက်တယ်”ဟု အခင်းဖြစ်ရပ်အနီးမှ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် လှိုင်သာယာအဝေးပြေးဝင်းအနီး ရန်ကုန် – ပုသိမ်လမ်းမပေါ်ရှိ ရဲတပ်ရင်း(၉)အား ဆက်လက်ပစ်ခတ်တိုက်ခိုက်ခံရပြီး တပ်ရင်းအတွင်းမှ စစ်ကောင်စီတပ်ပိုင်
ယာဥ်ငါးစီးထွက်လာချိန် ထပ်မံဗုံးခွဲတိုက်ခံခဲ့ရသည်ဟု အထက် ပါဒေသခံကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အခြား​ဒေသခံတစ်ဦးကလည်း “အဝေးပြေးဘက် တပ်ရင်း(၉) စခန်းကို ဗုံးပစ်တာ။ နာရီဝက်လောက်ကြာတော့ စစ်ကောင်စီယာဥ်တန်းလာချိန် သမကုန်းမှတ်တိုင်မှာ ကားကိုဗုံးထပ်ခွဲတယ်။ ရှေ့ကားကတော့ ဗုံးထိတယ်ကြားတယ်။ နောက်ကားကစစ်ခွေးတွေကရမ်းပစ်တာ ဆူညံနေတာပဲ”ဟု​ပြောသည်။

ပတ်ခတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးရှိနိုင်သည်ဟု ဒေသခံများက ပြောဆိုကြပြီး People’s Spring အနေဖြင့် သီးခြားအတည်ပြုချက်
မရရှိသေးပေ။

“လူနာတင်ကားသံတွေတော့ကြားတယ်။ ထိသွားကြတယ်ထင်တယ်”ဟု ရဲတပ်ရင်း(၉)အနီး နေထိုင်သူတစ်ဦးက လည်းပြောသည်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုများနှင့်စပ်လျဥ်း၍ ယနေ့(ဒီဇင်ဘာ ၁၂)နံနက်ပိုင်းအထိ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုခြင်းကို ထုတ်ပြန်ကြေညာသည်ကို
မတွေ့ရသေးပေ။

(လှိုင်သာယာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယာဥ်များကို စစ်ဆေးနေစဥ် – ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။