Connect with us

Hi, what are you looking for?

News

လှိုင်သာယာရှိ စစ်ကောင်စီတပ်ဗျူဟာမှူးတပ်စွဲထားသောနေရာနှင့် ရဲတပ်ရင်း(၉) လောင်ချာဖြင့် အထုခံရ

“ရင်တွေ အခုထိတုန်နေတုန်း။ အကျယ်ကြီးပဲအိမ်ထဲထိတောင် ယမ်းငွေ့နံ့ကရောက်တယ်”ဟု အခင်းဖြစ်ရပ်အနီးမှ ဒေသခံတစ်ဦးကပြောသည်။

လှိုင်သာယာမြို့နယ် အနော်ရထာဝင်းအတွင်းရှိ စစ်ကောင်စီတပ် ဗျူဟာမှူးတပ်စွဲထားသည့်နေရာကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၁)ညပိုင်းတွင် အမည်မသိအဖွဲ့အစည်းတစ်ခုက ဗုံးပစ်လောင်ချာဖြင့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးတပ်စွဲသည့်နေရာကို ခြောက်ကြိမ်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ရင်တွေ အခုထိတုန်နေတုန်း။ အကျယ်ကြီးပဲအိမ်ထဲထိတောင် ယမ်းငွေ့နံ့ကရောက်တယ်”ဟု အခင်းဖြစ်ရပ်အနီးမှ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် လှိုင်သာယာအဝေးပြေးဝင်းအနီး ရန်ကုန် – ပုသိမ်လမ်းမပေါ်ရှိ ရဲတပ်ရင်း(၉)အား ဆက်လက်ပစ်ခတ်တိုက်ခိုက်ခံရပြီး တပ်ရင်းအတွင်းမှ စစ်ကောင်စီတပ်ပိုင်
ယာဥ်ငါးစီးထွက်လာချိန် ထပ်မံဗုံးခွဲတိုက်ခံခဲ့ရသည်ဟု အထက် ပါဒေသခံကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အခြား​ဒေသခံတစ်ဦးကလည်း “အဝေးပြေးဘက် တပ်ရင်း(၉) စခန်းကို ဗုံးပစ်တာ။ နာရီဝက်လောက်ကြာတော့ စစ်ကောင်စီယာဥ်တန်းလာချိန် သမကုန်းမှတ်တိုင်မှာ ကားကိုဗုံးထပ်ခွဲတယ်။ ရှေ့ကားကတော့ ဗုံးထိတယ်ကြားတယ်။ နောက်ကားကစစ်ခွေးတွေကရမ်းပစ်တာ ဆူညံနေတာပဲ”ဟု​ပြောသည်။

ပတ်ခတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးရှိနိုင်သည်ဟု ဒေသခံများက ပြောဆိုကြပြီး People’s Spring အနေဖြင့် သီးခြားအတည်ပြုချက်
မရရှိသေးပေ။

“လူနာတင်ကားသံတွေတော့ကြားတယ်။ ထိသွားကြတယ်ထင်တယ်”ဟု ရဲတပ်ရင်း(၉)အနီး နေထိုင်သူတစ်ဦးက လည်းပြောသည်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုများနှင့်စပ်လျဥ်း၍ ယနေ့(ဒီဇင်ဘာ ၁၂)နံနက်ပိုင်းအထိ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုခြင်းကို ထုတ်ပြန်ကြေညာသည်ကို
မတွေ့ရသေးပေ။

(လှိုင်သာယာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယာဥ်များကို စစ်ဆေးနေစဥ် – ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးNUG၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးအနောက်ရိုးမ ဗျူဟာ -၂၂ ရဲ့ဗျူဟာမှူး ရဲဘော်စောဂျိမ်း လေယာဉ်ဗုံးစထိမှန် ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက​ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။