Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာအိမ်ရှေ့ဆေးလိပ်ထွက်သောက်တဲ့ လူငယ်ကို စစ်တပ်က ပေါ်တာဆွဲရှေ့တန်းပို့

ရန်ကုန်မြို့မှာ နေအိမ်ရှေ့ ဆေးလိပ်ထွက်သောက်တဲ့ လူငယ်ကို စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ဖြစ်စဉ် ဧပြီ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်က အဓမ္မစု​ဆောင်းထားတဲ့လူငယ်​တွေကို ​စစ်သင်တန်းပို့ရန်ကား​ပေါ်တက်ခိုင်းစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဧပြီ ၅၊ ၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့မှာ နေအိမ်ရှေ့ ဆေးလိပ်ထွက်သောက်တဲ့ လူငယ်ကို စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ဖြစ်စဉ် ဧပြီ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူငယ်ကို မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ပေမယ့် အဆက်အသွယ်မရဘဲ စစ်တပ်က ချက်ချင်း ရှေ့တန်း ပို့ခံရတယ်လို့ ဒေသခံ​တွေကပြောပါတယ်။

“အချိန်က ၉ နာရီကျော်ကျော်လောက်ပဲရှိဦးမယ်။ ဆေးလိပ် ထွက်သောက်တာ။ သူတို့ကင်းလှည့်နေတဲ့အချိန်နဲ့တိုးတော့ ကားပေါ်ကို ဆွဲတင်သွားတယ်။ ချက်ခြင်းလိုက်တော့ ဘယ်တပ်ကဖမ်းမှန်းမသိဘူး။ ၃ ရက်နေ့လောက်‌ကျတော့ ဖုန်းရတယ်။ ရှေ့တန်းရောက်နေတာတယ်။ သူတို့ကမျက်လုံးကိုအဝတ်မည်းနဲ့စည်းပြီးခေါ်သွားတာလို့ ပြောတယ်။ ရခိုင်ဘက်မှာလို့ ပြောတယ်။ ဘေးကင်းပါစေလို့ပဲဆုတောင်းပေးရမှာပေါ့”လို့ ​ပေါ်တာဆွဲခံရတဲ့လူငယ်နဲ့တစ်မြို့နယ်တည်း​နေသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့လူငယ်ဟာ အသက်(၂၇)နှစ်သာရှိသေးပြီး ဇနီးဖြစ်သူ နဲ့ အရွယ်မရောက်သေးတဲ့ သားလေးတစ်ဦးရှိတယ်လို့ စုံစမ်းသိရပါတယ်။

အလားတူ ဧပြီ ၂ ရက် ညပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ်မှာ အလုပ်ကပြန်တဲ့လူငယ်တစ်ဦးကို စစ်တပ်က အတင်းအဓမ္မပေါ်တာဆွဲခဲ့တဲ့ ဖြစ်
စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်တပ်က ရန်ကုန်မြို့ ရပ်ကွက်တစ်ခုကို ၁၀ဦးနှုန်းနဲ့ လူငယ်တွေကို ပေါ်တာဆွဲပေးရမယ်လို့ ညွှန်ကြားပြီးနောက်ပိုင်း လူငယ်တွေ ခပ်‌စိပ်စိပ်ပျောက်ဆုံးလာတယ်လို့ ရပ်ကွက်နေပြည်သူတွေ‌ကပြောပါတယ်။

မုံရွာ၊စလင်း ၊မန္တ​လေးစတဲ့​ဒေသ​တွေမှာလည်း ဒီရက်ပိုင်းမှာစစ်တပ်ကလူငယ်​တွေကို အဓမ္မ စစ်
သားသစ်စု​ဆောင်း၊​ပေါ်တာဆွဲတာ​တွေပိုလုပ်လာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။

စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဧပြီလမှာ စစ်မှု
ထမ်း အပတ်စဉ် (၂၄)အတွက်ခေါ်ယူနေပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ဆောင်တာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်း များလာပါတယ်။

ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာဖြစ်နေပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကို ဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။