Connect with us

Hi, what are you looking for?

News

ကနီနှင့် မင်းကင်းတွင် စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုကို မိုင်း ၁၀လုံးဖြင့်တိုက်ခိုက်ခဲ့ဟု KLG-PDF ထုတ်ပြန်

ကနီမြို့နယ် ချမ်းသာစုရွာအနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များက နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ကုန်းကြောင်းအတိုင်းတက်လာစဥ် KLG-PDF မှ ထောင် ထားသော တိုက်မိုင်းခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

—စစ်ကောင်စီတပ်သား ၉၀ခန့်သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း ကနီနှင့်မင်းကင်းမြို့နယ်တို့တွင်စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ခုကို မိုင်း ၁၀လုံးခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG – PDF)က ယနေ့(ဒီဇင်ဘာ ၁၂)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ချမ်းသာစုရွာအနီး၌ တစ်ကြိမ်၊ နေ့လယ်ပိုင်းက ဆယ်ရွာချောင်အနီး၌ တစ်ကြိမ်အသီးသီးတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကနီမြို့နယ် ချမ်းသာစုရွာအနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များက နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ကုန်းကြောင်းအတိုင်းတက်လာစဥ် KLG-PDF မှ ထောင် ထားသော တိုက်မိုင်းခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကြောင့် နယ်မြေရှင်းလင်းရေးလာသော ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးနိုင်ကြောင်း KLG-PDF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဟုတ်တယ်ဗျ။ မနက်က မိုင်းက ခြောက်လုံးမိတာ။ တိုက်မိုင်းဆိုတော့ လောက်၂၀ လောက် ကျတယ်လို့ မြေပြင်ကသတင်းပို့ပါတယ်”ဟု KLG-PDF ပြန်ကြား ရေးတာဝန်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

အလားတူ မင်းကင်းမြို့ဘက်မှ ဆယ်ရွာချောင်ဘက်သို့ စစ်ကူလာသော ပျူစောထီးနှင့် စစ်ကောင်စီတပ် အင်အား ၁၀၀ခန့်ကို ကနီပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက လေးနေရာခွဲ၍ တိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ပျူစောထီးနှင့် စစ်ကောင်စီပူးပေါင်းတပ်များဘက်မှ ၇၀ ဦးခန့် သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း KLG-PDF ထံမှ သိရသည်။

“၁၀၀ ကျော်လောက် တက်လာတာ။ မိုင်းလေး
နေရာခွဲတိုက်လိုက်တာ လာပို့ရွာကိုဝင်တော့ ၁၇ ယောက်ဘဲ ကျန်တယ်”ဟု KLG-PDF မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်စစ်ကြောင်းများသည် ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် မင်းကင်းမြို့နယ်တွင် လာပို့ရွာအနီးတို့တွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာဒေသများရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များကို ဝေးဝေးရှောင်ကြရန်နှင့် သတိဖြင့် နေထိုင်သွားလာကြရန် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG-PDF)နှင့် မဟာမိတ်များက အသိပေးနှိုးဆော်ထားသည်။

(ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG – PDF)ရဲ​ဘော်များ စစ်သင်တန်း​လေ့ကျင့်​နေစဥ်)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။