Connect with us

Hi, what are you looking for?

သတင်း

ရေဦးမှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး အလောင်းပြန်မပေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

ဧပြီ−၈၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

ရေဦးမြို့မရဲစခန်းက ဒုရဲမှူးမြင့်လွင်ကို မြို့အဝင်စစ်ဆေးရေးဂိတ်မှာတာဝန်ကျနေတဲ့ စစ်တပ်က ဧပြီ ၇ရက် ညနေမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

” ဆရာကြီးသန်းနိုင်က ပစ်တာ။ သေတာက ဒုရဲမှူးမြင့်လွင်။ အခု အလောင်းကို ရေခဲတိုက်မှာ ထားထားတယ်” လို့ ရေဦးမြို့အဝင် ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ညနေ ၆နာရီ၃၅မိနစ်ခန့်မှာ ဒုရဲမှူးမြင့်လွင်က ရဲစခန်းကနေ အရပ်ဝတ်နဲ့ ထွက်လာပြီး ကြာပန်းစစ်ဆေးရေးဂိတ်ဘက်လာစဉ် သန်းနိုင်လို့ခေါ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က သေနတ်နဲ့ပစ်ခတ်ထားလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သန်းနိုင်ရဲ့ ရာထူးအထိအကျမသိရပေမယ့် အဲဒီဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေက ဆရာကြီးလို့ခေါ်ကြပါတယ်။

” ရဲစခန်းနဲ့ ကြာပန်းစစ်ဆေးရေးဂိတ်က (၁)မိုင်လောက်ပဲဝေးတယ်။ သူတို့တွေ ကြောက်လန့်ပြီးအချင်းချင်းပစ်ခတ်ပုံရတယ်။ စစ်တပ်ရော ရဲတပ်ဖွဲ့ရော မြို့ထဲမှာပဲနေရဲတာ။အပြင်ကိုမထွက်ရဲဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆေးရုံအအေးခန်းမှာထားတဲ့ ဒုရဲမှူးသန်းနိုင်ရဲ့ရုပ်အလောင်းကို ရဲတပ်ဖွဲ့နဲ့မိသားစုဝင်တွေက သွားရောက်ထုတ်ယူစဉ် စစ်တပ်က တားမြစ်ထားတယ်လို့ သိရပါတယ်။

“အလောင်းကို စစ်ဆေးခွင့်မပေးဘဲ မီးရှို့သင်္ဂြိုဟ်ဖို့ လုပ်နေတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ဒီနေ့ ဧပြီ ၈ရက် ညနေပိုင်းမှာ ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးတာဝန်ကိုထမ်းဆောင်ဖို့တာဝန်ရှိပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့အတူ လူထုကို ဖမ်းဆီးသတ်ဖြတ်မှုတွေကျူးလွန်နေပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ လက်တွဲနေရမယ်လို့ စစ်ခေါင်းဆောင်က ထုတ်‌ပြောထားပေမယ့် လက်တွေ့မှာတော့ ရဲတပ်ဖွဲ့ကို စစ်တပ်က ၎င်းတို့ထက်နိမ့်တဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် ဆက်ဆံပြီး ဖိနှိပ်မှုတွေပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ရေဦးမြို့နယ်မှာ လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ရှေးဦးမြို့နယ်ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။