Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်မှာ စစ်တပ်က စစ်ကြောင်း၂ကြောင်းနဲ့ ဗုံးကြဲစစ်ကြောင်းထိုးနေ

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

(မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ရွာ စစ်တပ် မီးရှို့ဖျက်ဆီးနေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဧပြီ−၈၊၂၀၂၆။ရှိန်း/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လမှာ နွားထိုးကြီးမြို့နယ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဧပြီ ၅ ရက်နဲ့ ၆ရက်က မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာက ဒေသခံပြည်သူ ၈ဦးကို သတ်ဖြတ်ကာ ကျေးရွာ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းနဲ့ စစ်ကြောင်း ၂ကြောင်းပေါင်းပြီး မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုး နေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်း ၂ကြောင်းပေါင်းပြီး မြင်းခြံမြို့နယ်၊ကုပ်ကဲရွာကတဆင့် ဇီးပင်ကုန်၊ကျောက်ကန်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထဲက ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ရှေ့ကနေ ဒရုန်းတွေနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆက်တိုက်ဗုံးကြဲပြီးမှ ကျေးရွာတွေကို ဝင်‌ရောက်တာလို့ မြို့နယ်ပကဖ သတင်း ထောက်‌‌လှမ်းရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

“ရှေ့က နေဒရုန်းနဲ့ဗုံး တွေကြဲပြီးမှ နောက်က ရဲကွန်မိုဒိုစစ်ကြောင်းကလိုက်တာ။ပြီးတော့ မီးလိုက်ရှို့ နေတဲ့စစ်တပ်စစ်ကြောင်းရော အတူတူ ပေါင်းလာတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ဒီကနေ့ ဧပြီ ၈ရက်မှာ သစ်ရုံကျေးရွာကို ရောက်လာပြီး စစ်သားတချို့က ဇီးပင်ကန်နဲ့ ကျောက်ကန်ကျေးရွာက ပစ္စည်းတွေကို ကားတွေနဲ့သယ်ကာ နွားထိုးကြီးမြို့ဘက်ကို သယ်ထုတ် နေတယ်လို့ သိရပါတယ်။

“အခုနောက်ပိုင်း ဒီမီးရှို့နေတဲ့ စစ်ကြောင်းတွေက ပြည်သူပိုင်ပစ္စည်းတွေကို သူတို့အရင်သယ်ထုတ်ပြီးမှ မီးလိုက်ရှို့ နေတာ။ပြီးတော့ ပြည်သူတွေက ရွာမီးရှို့ခံရပြီး နေစရာမရှိလို့ တောတွေထဲ ပြောင်းနေကြရတာ။အဲဒီစစ်ရှောင်တွေ ရှိတဲ့ဘက်ကို ဆက်တိုက်ဒရုန်းနဲ့ လိုက်ချနေတယ်”လို့ မြို့နယ်ပကဖ သတင်း ထောက်‌‌လှမ်း ရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

ယခု ဧပြီ ၇ရက်ကလည်း အဲဒီစစ်ကြောင်းက ဖက်ပင်အိုင်ကျေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ခဲ့ပြီး ထပ်တိုး တွေ့ရှိချက်တွေအရ ဒေသခံပြည်သူ ၈ဦး သေဆုံးပြီး ပိတ်မိတဲ့ပြည်သူတွေကို ကယ်ထုတ်ပေးတဲ့ တော်လှန်ရေး ရဲဘော် ၃ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

နွားထိုးကြီး၊မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ စစ်တပ်က ၂၀၂၅ ဩဂုတ်ကစတင် ထိုးစစ်ဆင်ခဲ့ပြီးနောက် နယ်မြေတချို့ကို ထိန်းချုပ်နိုင်သွားပေမယ့်ထိတွေ့တိုက်ပွဲတချို့ ဆက်တိုက်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။