Connect with us

Hi, what are you looking for?

သတင်း

သီရိမင်္ဂလာဈေးအနီးမှာ YBS တစ်စီးမီးလောင်

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဒီနေ့ (ဧပြီ၁၀)ညနေက YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။

ဧပြီ-၁၀၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဒီနေ့ (ဧပြီ၁၀)ညနေက YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။

ဘုရင့်နောင်လမ်းမပေါ် သီရိမင်္ဂလာဈေးအနီးမှာ YBS ယာဉ်မီးလောင်ခဲ့တာဖြစ်ပြီး ကားတစ်စီးလုံးမီးလောင်သွားတာကို လူမှုကူညီရေးအသင်းတွေ တင်ထားတဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒီမီးလောင်မှုကို ဆယ်မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ မီးလောင်မှုအကြောင်းရင်းကို ထုတ်ပြန်တာတော့မတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

မီးလောင်တဲ့ ယာဉ်က သီရိမင်္ဂလာဈေး မှာ ဂိတ်ဆုံးတဲ့ YBS-60 ယာဉ် ဖြစ်ပြီး မီးလောင်နေတဲ့ အနေအထားက ကားပြန်လှည့်တဲ့ ပုံစံဖြစ်တာကြောင့် ခရီးသည်တွေထိခိုက်မှုမရှိနိုင်ဘူးလို့ ပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

နေ့အပူချိန်မြင့်မားလာတဲ့ အချိန်မှာ YBS တွေရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ စစ်ဆေးမှုတွေပြုလုပ်ဖို့ ပြည်သူတစ်ဦးက အကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊အိမ်မဲမြို့မှာဆိုင်ကယ်အပိုပစ္စည်း‌ဆိုင် မီးလောင်မှုဖြစ်ပြီးနှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာစျေးအနီးမှာ ဒီကနေ့ (ဇန်နဝါရီ ၁၉) နံနက်က မီးလောင်မှု ဖြစ်ပွါးခဲ့ပါတယ်။