Connect with us

Hi, what are you looking for?

သတင်း

အိမ်မဲမြို့က ဆိုင်ကယ်ပစ္စည်းဆိုင်မီးလောင်နှစ်ထပ်တိုက် ၂ လုံးဆုံးရှုံး

ဧရာဝတီတိုင်း၊အိမ်မဲမြို့မှာဆိုင်ကယ်အပိုပစ္စည်း‌ဆိုင် မီးလောင်မှုဖြစ်ပြီးနှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်မဲမြို့မှာ ဆိုင်ကယ်အပိုပစ္စည်း‌ဆိုင် မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ − MFSD

မတ်-၂၉၊၂၀၂၆။တေဇ/People’s Spring

ဧရာဝတီတိုင်း၊အိမ်မဲမြို့မှာဆိုင်ကယ်အပိုပစ္စည်း‌ဆိုင် မီးလောင်မှုဖြစ်ပြီးနှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်နဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မှာလောင်တာမိုလို့ ဘတ္ထရီအိုးတွေပေါက်တာပါ။နှစ်ထပ်တိုက်နှစ်လုံးတော့ပါသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လ ၂၈ ရက် ည ၈ နာရီ‌ကျော်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲသံတွေလည်းကြားရတာကိုမီးလောင်မှုဗီဒီယိုဖိုင်မှာတွေ့မြင်ရပါတယ်။

Public Service Announcement

Public Service Announcement

“ဧရာဝတီတိုင်းအိမ်မဲမြို့မှာဖြစ်သွားတာဘက်ထရီအိုးတွေချည်းသိန်း၄၀၀၀ဖိုးလောက်ပေါက်ကွဲကုန်တာ” လို့ Views of Pathein ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှာ မီးလောင်မှုဗီဒီယို‌ဖိုင်နဲ့အတူ ရေးသားထားပါတယ်။

မီးလောင်မှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ လူထုနွေဦးအနေနဲ့ သီးသန့်အတည်ပြုနိုင်တာမရှိပါဘူး။မီးသတ်တပ်ဖွဲ့ကတော့ မီးလောင်မှုကို ၁နာရီခန့်ကြာမီးငြှိမ်းသတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲတွေက အဓိက ရှုထောင့်နှစ်ခုကို အာရုံစိုက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဒီနေ့ (ဧပြီ၁၀)ညနေက YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။

သတင်း

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။