Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်ကို စစ်တပ်က ၅ရက်အတွင်း လေကြောင်းကနေ အကြိမ် ၁၀၀ကျော်တိုက်ခိုက်

စစ်ကိုင်းတိုင်းက အရာတော်မြို့နယ်ကို စစ်တပ်က ၅ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်၁၀၀ကျော် လုပ်ခဲ့တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ရက်က အရာတော်နယ်က ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ မီးလောင်နေစဉ်။ ဓာတ်ပုံ - CJ

ဧပြီ-၁၈၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်းက အရာတော်မြို့နယ်ကို စစ်တပ်က ၅ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်၁၀၀ကျော် လုပ်ခဲ့တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၃ရက်ကနေ ၁၇ ရက်အထိ အရာတော်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးနဲ့ပစ်ခတ် တိုက်ခိုက်မှုတွေပါလုပ်ခဲ့တာလို့ ဆိုပါတယ်။

အသေခံဒရုန်း၊ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာ၊ဂျက်ဖိုက်တာ၊Y 12 ၊Mi35 ရဟတ်ယာဥ်နဲ့ အကြိမ် ၁၁၀ ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ဟောင်ဝစ်ဇာနဲ့ပစ်ခတ်မှုက ၁၅ ကြိမ်ရှိခဲ့တယ်လို့ ပကဖက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီနေ့ (ဧပြီ ၁၈ ရက်)မနက်အထိ လေကြောင်ပစ်ကူ ဆက်တိုက်လုပ်ဆောင်ခံနေရတယ်။အခြေအနေအသေးစိတ်ကိုတော့ ပြောမရသေးဘူး”လို့အရာတော်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုတွေအတွင်း အရပ်သားတချို့ ထိခိုက်သေဆုံးတာရှိပေမယ့် အသေးစိတ် စိစစ်နေဆဲလို့ အသိပေးပါတယ်။

အရာတော်မြို့နယ်၊အရှေ့တောင်ခြမ်းက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးအဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်တပ်က လေကြောင်းကနေ ခုခံနေတာလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

“လက်ရှိကတော့ ပျူရွာတော်တော်များများကို ထိရောက်စွာလုပ်ဆောင်နေပါတယ်”လို့ အရာတော် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက စစ်ရေးအခြေအနေကို ပြောပါတယ်။

အရာတော်မြို့တောင်ဘက်ခြမ်းမှာ စစ်တပ်က တပ်စွဲပြီးပြည်သူ့စစ်အဖြစ်ဖွဲ့စည်းထားတဲ့ ကျေးရွာတွေကို စစ်ရေးအရ အသာစီးရယူဖို့ တော်လှန်ရေးအဖွဲ့တွေက ကြိုးပမ်းနေတာလို့ သိရပါတယ်။

အရာတော်မြို့တောင်ဘက်နဲ့ အရှေ့တောင်ဘက်ခြမ်းက ကျောက်ပျောက်၊ငွေတွင်း၊စပါးတွင်းနဲ့ သလဲဘာကျေးရွာတွေကို စစ်တပ်က ပြည်သူ့စစ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အရာတော်မြို့အနီးမှာ စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေကြောင့် အရာတော် – ရွာသာကြီးလမ်းပိုင်း၊ အရာတော် – ထီးဆောင်းလမ်းပိုင်း နဲ့ အရာတော်မြို့အဝင်အထွက် လမ်းတွေ ကို မသုံးဖို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဧပြီ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ်မှာ အမှတ် (၃၆၉) အမြောက်တပ်ရင်း၊ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် အမှတ် (၅၀၀၄)တင့်ကားတပ်ရင်းတို့ အခြေစိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။