Connect with us

Hi, what are you looking for?

သတင်း

ဝါရာဇွပ်ပြည်သူ့စစ်ရဲ့ ကာကင်းအချို့ KIA သိမ်းရ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့ ကာကင်း စခန်းအချို့သိမ်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အထိုင်စခန်းသိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေဟု KIA ပြော

ဧပြီ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့ ကာကင်း စခန်းအချို့သိမ်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဧပြီ ၁၈ရက်က KIA တပ်မဟာ(၂)နယ်မြေ ဟူးကောင်းဒေသက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စွဲထားတဲ့ အွယ်လောနဲ့ ခလမ်ကောင့်စခန်းနေရာ ၂ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းမှု အပေါ် အခုလို ဖြေကြားတာပါ။

Public Service Announcement

Public Service Announcement

“လောလောဆယ် ကာကင်းနှစ်ခု သိမ်းတယ်ဆိုတာ ကြားရပါတယ်။ ဒါပေမဲ့ စခန်းအဆင့်ရှိတဲ့ သူတို့ ခြေကုတ်နေတဲ့ဟာတွေကိုတော့ တိုက်ပွဲဝင်နေတုန်းလို့ သူတို့ ပြောတာကို ကျနော် အတည်ပြုပြောပေးလို့ရပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို KIA တပ်မဟာ(၂) တပ်ရင်း (၁၄)နဲ့ တပ်ရင်း(၂၀)တပ်ဖွဲ့ဝင်တွေ ပူးပေါင်း ပြီး တိုက်ခိုက်နေတာလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။တိုက်ပွဲဟာ တပ်ရင်း(၁၄)နယ်မြေ အတွင်းဖြစ်ပွားနေတာလို့ ပြောပြပါတယ်။

KIAပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ဟာ ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်အတွင်းမှာလည်း လတ်တလော တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။