Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ အပစ်ရပ်ကာလကို သက်တမ်း ထပ်တိုးကြောင်းလို့ ထရမ့်ကြေညာ

အီရန်အစိုးရ အဖွဲ့ထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် အဆိုတစ်ရပ် ပြီးမြောက်အောင် ညှိနှိုင်းနိုင်မယ့်အထိ အပစ်ရပ် ကာလကို သက်တမ်းတိုးထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်အစိုးရ အဖွဲ့ထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် အဆိုတစ်ရပ် ပြီးမြောက်အောင် ညှိနှိုင်းနိုင်မယ့်အထိ အပစ်ရပ် ကာလကို သက်တမ်းတိုးထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်ရဲ့ နှစ်ပတ်ကြာ အပစ်ရပ် သဘောတူညီမှုဟာ ဧပြီ ၂၂ ရက်နေ့၊ ဝါရှင်တန် ဒီစီ စံတော်ချိန် ညပိုင်းအချိန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ထရမ့်က ပါကစ္စတန် အစိုးရရဲ့ ကြားဝင် မေတ္တာရပ်ခံမှုကြောင့် ဆွေးနွေးမှုတွေအတွက် ပိုမို အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။

အီရန်ဖက်က စိတ်သဘောထား တူတူညီညီ ညှိနှိုင်းပြီး စစ်ပွဲကို အဆုံးသတ်စေမယ့် အဆိုပြုချက်တစ်ရပ် တင်ပြလာမယ့် အချိန်ထိ အပစ်အခတ် ရပ်စဲရေး ကာလကို သက်တမ်းတိုးပေးထားမယ်လို့ ထရမ့်က ဆိုပါတယ်။ အီရန်အစိုးရဟာ ကစဉ့်ကလျား ပြိုကွဲနေတာက တစ်ကြောင်း၊ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်နဲ့ စစ်တပ် အကြီးအကဲ အဆင်မ် မူနာတို့ဆီက တိုက်တွန်း မေတ္တာရပ်ခံမှုကြောင့်တစ်ကြောင်း၊ အမေရိကန်ဟာ အီရန် ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေကြား တညီတညွတ်တည်း အဆိုပြုနိုင်မယ့် သဘောတူညီမှုတစ်ခု ရရှိတဲ့အချိန်ထိ အီရန်အပေါ် တိုက်ခိုက်မှုတွေ ဆိုင်းငံ့ထားမယ်လို့ ထရမ့်က ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဟောမုဇ် ရေလက်ကြားနားမှာ အီရန် ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်က အင်အားသုံး ပိတ်ဆို့မှု အပါအဝင် တခြား ရှိရင်စွဲ အစီအမံတွေကတော့ ဆက်လက် တည်ရှိနေမယ်လို့လည်း ထရမ့်က ဆိုပါတယ်။ အပစ်ရပ် သဘောတူညီမှုဟာ အီရန်ဖက်က အဆိုပြုချက်ကို တင်ပြလာချိန်၊ ဆွေးနွေးမှုတွေ ပြီးပြတ်ချိန်ထိ သက်တမ်းတိုးထားမှာ ဖြစ်တယ်လို့ ထရမ့်က အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

အီရန်နဲ့ အပြီးသတ် ဆွေးနွေးမှု တစ်ခုခု ရလဒ်ကောင်း ထွက်ပေါ်မလာရင် အီရန်ရဲ့ ဓာတ်အားပေး စက်ရုံတွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို အပြင်းအထန် ဗုံးကြဲပစ်မယ်လို့ ထရမ့်က ခြိမ်းခြောက်ထားရာကနေ အခုလိုမျိုး လျှော့ပေါ့စဉ်းစားပေးတဲ့ သဘောထားဆီ ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အပစ်ရပ် သဘောတူညီမှု သက်တမ်းတိုး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန် မဟာမိတ် အစ္စရေးရော၊ ပြိုင်ဘက် အီရန်ဖက်ကပါ မှတ်ချက်တစ်ခုခု ပေးတာမျိုး မရှိသေးပါဘူး။

ဧပြီ ၂၁ ရက်နေ့က အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ဟာ အီရန်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ ပါကစ္စတန်နိုင်ငံဆီ သွားရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိမ်ဖြူတော်က အဲဒီနေ့အတွက် ခရီးစဉ် မဖြစ်မြောက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှရစ်ဖ်က အပစ်ရပ်ကာလ သက်တမ်းတိုးပေးမယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဒါဟာ စစ်ပွဲကို အဆုံးသတ်စေဖို့ သံတမန်ရေး အားထုတ်မှုတွေကို ပိုမို အချိန်ရလာစေမယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ