Connect with us

Hi, what are you looking for?

LuduNwayOo

News

အသံတိတ်သပိတ်ပါဝင်၍ အင်းစိန်ထောင်မှ နိုင်ကျဉ်း ၉၀ခန့် ပြင်းထန်စွာနှိပ်စက်ခံရ

ထို့အပြင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်နေကြသော လူထုတစ်ရပ် လုံးနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ထပ်မံသိရှိလာရသော သတင်းများအပေါ်မူတည်၍ ထောင် တွင်းရဲဘော်များကို ဝန်းရံကူညီပေးကြပါရန်လည်း တိုက်တွန်းထားသည်။

(ဗကသများအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ​တွေ့ရစဥ်)

အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၈၉ဦး ပြင်းထန်စွာ နှိပ်စက်ခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က ပူးတွဲသဘောထား ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၀ရက်က တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်သူလူထုများ ပါဝင်ခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှာမှုတွင် ပါဝင်မှုကြောင့် အင်းစိန်ထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်ခံထားရသည်ဟု သိရကြောင်း ဖော်ပြထားသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား ၈၉ဦးကို အကျဉ်းဦးစီးဌာနက သီးသန့်ဆောင်မှ ပင်မအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီး တိုက်ပိတ်ထားသည်သိရသည်ဟုဆိုသည်။ ထောင်တွင်းရဲဘော်များ၏ လက်ရှိအခြေ အနေသည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေနှင့်ပတ်သက်၍ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် နှင့် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား၊ အချုပ် သားများ၏ ကျန်းမာရေး၊ လုံခြုံရေးစသည့် အခွင့်အရေးများရရှိရေးအတွက် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် ပြည်သူလူထုတရပ်လုံးအား မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်နေကြသော လူထုတစ်ရပ် လုံးနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ထပ်မံသိရှိလာရသော သတင်းများအပေါ်မူတည်၍ ထောင် တွင်းရဲဘော်များကို ဝန်းရံကူညီပေးကြပါရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ဆိုင်းမင်း/People’s Spring ပုသိမ်ထောင်မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ထပ်တိုးထောင်ဒဏ်တွေ ချလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံသိရပါတယ်။ ထပ်တိုးထောင်ဒဏ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လနဲ့ လက်ရှိစက်တင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးက ချခဲ့တာလို့ အဲဒီကွန်ရက်ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးထဲက...