Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်ပါဝင်၍ အင်းစိန်ထောင်မှ နိုင်ကျဉ်း ၉၀ခန့် ပြင်းထန်စွာနှိပ်စက်ခံရ

ထို့အပြင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်နေကြသော လူထုတစ်ရပ် လုံးနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ထပ်မံသိရှိလာရသော သတင်းများအပေါ်မူတည်၍ ထောင် တွင်းရဲဘော်များကို ဝန်းရံကူညီပေးကြပါရန်လည်း တိုက်တွန်းထားသည်။

(ဗကသများအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ​တွေ့ရစဥ်)

အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၈၉ဦး ပြင်းထန်စွာ နှိပ်စက်ခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က ပူးတွဲသဘောထား ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၀ရက်က တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်သူလူထုများ ပါဝင်ခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှာမှုတွင် ပါဝင်မှုကြောင့် အင်းစိန်ထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်ခံထားရသည်ဟု သိရကြောင်း ဖော်ပြထားသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား ၈၉ဦးကို အကျဉ်းဦးစီးဌာနက သီးသန့်ဆောင်မှ ပင်မအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီး တိုက်ပိတ်ထားသည်သိရသည်ဟုဆိုသည်။ ထောင်တွင်းရဲဘော်များ၏ လက်ရှိအခြေ အနေသည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေနှင့်ပတ်သက်၍ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် နှင့် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား၊ အချုပ် သားများ၏ ကျန်းမာရေး၊ လုံခြုံရေးစသည့် အခွင့်အရေးများရရှိရေးအတွက် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန် ပြည်သူလူထုတရပ်လုံးအား မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်နေကြသော လူထုတစ်ရပ် လုံးနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ထပ်မံသိရှိလာရသော သတင်းများအပေါ်မူတည်၍ ထောင် တွင်းရဲဘော်များကို ဝန်းရံကူညီပေးကြပါရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။