Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် တက်ရောက်တဲ့ ညစာစားပွဲ ပစ်ခတ်မှုအကြောင်းနောက်ဆုံးသိရသမျှ

အိမ်ဖြူတော်သတင်းထောက်များအသင်းက ကမကထပြုပြီး ကျင်းပတဲ့ ညစာစားပွဲ ပြုလုပ်ရာ ဟိုတယ်မှာ ပစ်ခတ်မှု ကျုးလွန်တဲ့ သေနတ်သမား အမျိုးသားကို ဖမ်းမိထားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။

ဧပြီ -၂၆ ၊၂၀၂၆

အိမ်ဖြူတော်သတင်းထောက်များအသင်းက ကမကထပြုပြီး ကျင်းပတဲ့ ညစာစားပွဲ ပြုလုပ်ရာ ဟိုတယ်မှာ ပစ်ခတ်မှု ကျုးလွန်တဲ့ သေနတ်သမား အမျိုးသားကို ဖမ်းမိထားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။

အိမ်ဖြူတော်အခြေစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော် ၊ ဝါရှင်တန်ဟီတန် ဟိုတယ် မှာ ဧပြီလ ၂၅ရက် (စနေနေ့ညပိုင်း) က ကျင်းပတဲ့ ညစာစားပွဲကို သမ္မတ ထရမ့်​၊ သမ္မတကတော် မယ်လာနီယာ ထရမ့် ၊ဒုသမ္မတ ဂျေဒီဗန့်စ် နဲ့ အမေရိကန်အစိုးရ အကြီးပိုင်းတွေ တက်ရောက်ခဲ့ကြတာပါ။

ပစ်ခတ်မှုကတော့ အခမ်းအနား တက်ရောက်သူတွေကို အထူးကြပ်မတ်စစ်ဆေးရာနေရာ အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ကြောင့် ညစာစားပွဲကို ဆက်မကျင်းပနိုင်ဘဲ ရွှေ့ဆိုင်းလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်သံတွေထွက်ပေါ်လာချိန်မှာပဲ ထရမ့် တို့ ဇနီးမောင်နှံကို လုံခြုံရေးအဖွဲ့တွေက ညစာစားပွဲကနေ အကာအကွယ်ပေးပြီး ခြံရံကာ ဘေးကင်းရာဆီခေါ်ထုတ်သွားတာကို ရုပ်သံတွေမှာ တွေ့ရပါတယ်။

ဒုသမ္မတ ဂျေဒီဗန့်ကိုလည်း လုံခြုံရေးအဖွဲ့တွေက ခပ်သွက်သွက်ပဲ ခေါ်ထုတ်သွားပါတယ်။ အခြားသော ပွဲလာဧည့်ပရိတ်တွေကိုတော့ စားပွဲခုံတွေအောက် ပုန်းကွယ်ရင်းအကာအကွယ်ပြုနေရတာတွေ့ရပါတယ်။

သိပ်မကြာခင်မှာပဲ သေနတ်သမားကိုဖမ်းမိပြီးလို့ ထရမ့်ကကြေညာပါတယ်။ သူရဲ့ လူမှုကွန်ရက် Truth မှာ လည်း သေနတ်သမားကို ဖမ်းဆီးရမိတဲ့ ဓာတ်ပုံကို တင်ထားရာမှာ အပေါ် ပိုင်းအဝတ်မပါတဲ့ အမျိုးသားတစ်ဦးကို လက်နောက်ပြန် ချုပ်နှောင်ပြီး ကြမ်းပြင်ပေါ် မျက်နှာအပ်ကာ မှောက်ခိုင်းထားတာတွေ့ရပါတယ်။

အဲဒီအမျိုးသားရဲ့အနီးဝန်းကျင်မှာတော့ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ လည်းရှိနေပါတယ်။

သေနတ်သမားဟာ ကယ်လီဖိုးနီးယားမှာနေထိုင်သူဖြစ်ပြီး စိတ်ကျန်းမာ ရေးမကောင်းသူလို့ ထရမ့်က ပစ်ခတ်မှုအပြီး ပြောတဲ့ မိန့်ခွန်းမှာထည့်သွင်းပြောသွားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာသေနတ်သမားနေထိုင်ရာ အခန်းကိုလည်းသွားရောက်ရှာဖွေနေကြပြီလို့ ထရမ့်က ပြောပါတယ်။ သေနတ်သမားဟာ အသက် ၃၀ အရွယ် ဝန်းကျင် လို့ ဘီဘီစီရဲ့သတင်းမှာပါရှိပါတယ်။

ပစ်ခတ်မှုအတွင်း သေနတ်သမားကို တားဆီးတဲ့ လုံခြုံရေးအရာရှိတစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။

အခုပစ်ခတ်မှုဖြစ်ပွားတဲ့ ဝါရှင်တန်ဟီတန် ဟိုတယ်မှာပဲ ၁၉၈၁ ခုနှစ် ၊ မတ်လ ၃၀ ရက်က အမေရိကန်သမ္မတ ရော်နယ်ရေဂင် မိန့်ခွန်းပြောပြီး ဟိုတယ်က အထွက်မှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရတဲ့ဖြစ်ရပ်ရှိခဲ့ပါတယ်။

အဲဒီလုပ်ကြံမှုမှာ သမ္မတ ရေဂင် ဒဏ်ရာသာရပြီး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

ကိုးကား – CNN ၊ ဓာတ်ပုံ – USA TODAY

ဆက်စပ်သတင်းများ