Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ MAP က နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တိုင်ကြား

MAP ၏ တင်ပြချက်မှာ ၂၀၂၁ ဖေဖော်ဝါရီတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းချိန်ကစ၍ မြန်မာနိုင်ငံတွင် ကျယ်ပြန့်ပြီး စနစ်တကျကျူးလွန်သည့် ညှင်းပန်းနှိပ်စက်မှုများကိုလည်း သက်သေများနှင့်အတူ ဖော်ပြထားသည်။

မြန်မာစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သောရာဇဝတ်မှုများဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ မြန်မာတာဝန်ခံမှုရှိစေရေးအဖွဲ့(MAP)က တိုင်ကြားလိုက်သည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ MAP သည် ရောမသဘောတူစာချုပ်(Rome Statute)၏ ပုဒ်မ ၁၅ ရက်အရ မြန်မာနိုင်ငံတွင် ဆန္ဒပြလှုပ်ရှားမှုများကို အကြမ်းဖက်ဖြိုခွဲခြင်း အစိတ်အပိုင်းအဖြစ် ညှင်းပန်းနှိပ်စက်ခဲ့မှုများကို စုံစမ်းစစ်ဆေးမှုစတင်ရန် တောင်းဆိုခဲ့သည်။

MAP ၏ တင်ပြချက်မှာ ၂၀၂၁ ဖေဖော်ဝါရီတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းချိန်ကစ၍ မြန်မာနိုင်ငံတွင် ကျယ်ပြန့်ပြီး စနစ်တကျကျူးလွန်သည့် ညှင်းပန်းနှိပ်စက်မှုများကိုလည်း သက်သေများနှင့်အတူ ဖော်ပြထားသည်။

၂၀၁၈ တွင် ကုလသမဂ္ဂက ဖွဲ့စည်းပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးယန္တရား(IIMM)၏ မကြာသေးမီ တွေ့ရှိချက်က ယခုစွပ်စွဲမှုများကို အထောက်အပံ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့တင်သွင်းသည့် IIMM ၏ တတိယနှစ်လည်အစီရင်ခံစာတွင် မြန်မာစစ်တပ်၏ လူသတ်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ ထောင်ချမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မပျောက်ဆုံးမှုနှင့် နှိပ်စက်ညှင်းပန်းမှု အပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပါဝင်သည်။

တရားမဝင်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏ အမိန့်ဖြင့် အစုလိုက်အပြုံလိုက်ရက်စက်ယုတ်မာသောရာဇဝတ်မှုများကျူးလွန်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိကြောင်း MAP ဒါရိုက်တာ Chris Gunness က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။