Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ MAP က နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တိုင်ကြား

MAP ၏ တင်ပြချက်မှာ ၂၀၂၁ ဖေဖော်ဝါရီတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းချိန်ကစ၍ မြန်မာနိုင်ငံတွင် ကျယ်ပြန့်ပြီး စနစ်တကျကျူးလွန်သည့် ညှင်းပန်းနှိပ်စက်မှုများကိုလည်း သက်သေများနှင့်အတူ ဖော်ပြထားသည်။

မြန်မာစစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သောရာဇဝတ်မှုများဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ မြန်မာတာဝန်ခံမှုရှိစေရေးအဖွဲ့(MAP)က တိုင်ကြားလိုက်သည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ MAP သည် ရောမသဘောတူစာချုပ်(Rome Statute)၏ ပုဒ်မ ၁၅ ရက်အရ မြန်မာနိုင်ငံတွင် ဆန္ဒပြလှုပ်ရှားမှုများကို အကြမ်းဖက်ဖြိုခွဲခြင်း အစိတ်အပိုင်းအဖြစ် ညှင်းပန်းနှိပ်စက်ခဲ့မှုများကို စုံစမ်းစစ်ဆေးမှုစတင်ရန် တောင်းဆိုခဲ့သည်။

MAP ၏ တင်ပြချက်မှာ ၂၀၂၁ ဖေဖော်ဝါရီတွင် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းချိန်ကစ၍ မြန်မာနိုင်ငံတွင် ကျယ်ပြန့်ပြီး စနစ်တကျကျူးလွန်သည့် ညှင်းပန်းနှိပ်စက်မှုများကိုလည်း သက်သေများနှင့်အတူ ဖော်ပြထားသည်။

၂၀၁၈ တွင် ကုလသမဂ္ဂက ဖွဲ့စည်းပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးယန္တရား(IIMM)၏ မကြာသေးမီ တွေ့ရှိချက်က ယခုစွပ်စွဲမှုများကို အထောက်အပံ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့တင်သွင်းသည့် IIMM ၏ တတိယနှစ်လည်အစီရင်ခံစာတွင် မြန်မာစစ်တပ်၏ လူသတ်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ ထောင်ချမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မပျောက်ဆုံးမှုနှင့် နှိပ်စက်ညှင်းပန်းမှု အပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပါဝင်သည်။

တရားမဝင်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏ အမိန့်ဖြင့် အစုလိုက်အပြုံလိုက်ရက်စက်ယုတ်မာသောရာဇဝတ်မှုများကျူးလွန်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိကြောင်း MAP ဒါရိုက်တာ Chris Gunness က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။