Connect with us

Hi, what are you looking for?

သတင်း

မိုးများလို့ ဆည်ပေါက်ချောင်းအတွင်း ကားတစ်စီ မျောပါ၊ လူတွေကို ကယ်ဆယ်နိုင်

ကျောက်ပန်းတောင်း-ပုပ္ပါးကြားက ဆည်ပေါက် ကျေးရွာ ချောင်းအတွင်း တောင်ကျချောင်းရေကြောင့် ကားတစ်စီး ရေထဲမျောပါသွား​ပေမယ့် ကား​ပေါ်က ခရီးသည် ၁၆ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မိုးများလို့ဆည်ပေါက်ချောင်းအတွင်းကားတစ်စီး မျောပါ ကား​ပေါ်ပါသူ၁၆ဦးကိုကယ်ဆယ်နိုင်

ဧပြီ-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကျောက်ပန်းတောင်း-ပုပ္ပါးကြားက ဆည်ပေါက် ကျေးရွာ ချောင်းအတွင်း တောင်ကျချောင်းရေကြောင့် ကားတစ်စီး ရေထဲမျောပါသွား​ပေမယ့် ကား​ပေါ်က ခရီးသည် ၁၆ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၆ရက် ညနေပိုင်းမှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တောင်ကျချောင်းဖြတ်ကူးတဲ့ ဆည်ပေါက် ချောင်းအတွင်း ကားရေမျောသွားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကားပေါ်မှာ လူတွေလိုက်ပါလာပေမယ့်ကယ်ဆယ်ရေးအဖွဲ့တွေကကူညီပေးလို့လူထိခိုက်သေဆုံးမရှိဘူးလို့ ဒေသခံက ပြောပါတယ်။

“မိုးက မထင်မှတ်ဘဲ သဲနေတာ။ လူတွေဘာမှမ ဖြစ်ဘူး”လို့ ကျောက်ပန်းတောင်းဒေသခံက ပြောပါတယ်။

လူတွေကိုကယ်ဆယ်နိုင်ပေမယ့် ရေထဲမျောပါတဲ့ကားကို ညပိုင်းအထိ ဆယ်ယူနိုင်ခြင်းမရှိသေးဘူးလို့လည်း ပြောပါတယ်။

ဒေသခံကူညီရေးတာဝန်ရှိသူအချို့ကလည်း ကားရေထဲမျောပါတဲ့ ရုပ်သံကို လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ရုပ်သံမှာ ဝါးတွေတင်လာတဲ့ ကားအပြာရောင်တစီးဟာ ​ရေထဲ​မျောပါပြီး သဲ​ချောင်းဖြစ်တဲ့ ဆည်​ပေါက်​ချောင်းအလယ်မှာ​ရောက်​နေပြီးကား​ပေါ်မှာ လူတွေအများအပြားပါ​နေတာ​တွေ့ရပါတယ် ။

မျောပါသွားတဲ့ ကားဟာ ရေစီနဲ့အတူလမ်းပေါ်က အနည်းငယ်မျောပါသွားကာ ရေကျော်အဆင်းက ထစ်တွေနဲ့ ငြိနေတဲ့ အနေအထား တွေ့ရပါတယ်။

ကား​ပေါ်က လူ​တွေကိုကယ်ဆယ်ဖို့ ကယ်​ဆယ်ရေးလုပ်​နေသူတွေကဆွေးနွေးနေကြတာ တွေ့ရပါတယ်။

ညဦးပိုင်းမှာ​တော့ ​ချောင်းထဲ​ပါသွားတဲ့ကား​ပေါ်ကခရီးသည် အမျိုးသား ၁၁ ဦး ၊အမျိုးသမီး ၅ ဦး စုစု​ပေါင်း ​၁၆ ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတင်ထားသူက မီးသတ်တပ်ဖွဲ့ကို​မေးမြန်းတာအရသိရပါတယ် ။ ကယ်ဆယ်​ရေးလုပ်ခဲ့သူ​တွေဟာ ​ကျောင်ပန်း​တောင်မြို့နယ်မီးသတ်တပ်ဖွဲ့လို့လည်းသိရပါတယ်။

ရုပ်သံ – Ko ThetvWin/FB

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်သင့်ထားတဲ့ စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေကြောင်း ​ဒေသခံတွေက ပြောပါတယ်။