Connect with us

Hi, what are you looking for?

သတင်း

ငလျင်သင့်စစ်ကိုင်းမှာ မိုးများလို့ နေအိမ်တွေရေမြုပ်

ငလျင်ဒဏ်သင့်ထားတဲ့ စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေကြောင်း ​ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တခု ရေနစ်မြုပ်နေစဥ်။ ဓါတ်ပုံ-ဒေသခံ

စက်တင်ဘာ-၂၄၊၂၀၂၅။​ဇေအောင်/People’s Spring

ငလျင်ဒဏ်သင့်ထားတဲ့ စစ်ကိုင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေကြောင်း ​ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ၂၂ ရက်နဲ့ ၂၃ ရက်ညတွေကနှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စစ်ကိုင်းမြို့ပေါ်က မင်းလမ်းရပ်ကွက် အပါအဝင် အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်တွေဆိုင်ခန်းတွေထဲအထိ ရေတွေဝင်ရောက်နေကြောင်း ဒေသခံများက ပြောပါတယ်။

“ရေကတစ်ပေလောက်တောင်ထပ်တက်လာတယ်။ အိမ်သာတွေကအစ ရေတွေပြည့်နေတယ်။ ဆိုင်တွေလည်းပိတ်ထားရတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်းလမ်းရပ်ကွက်တခုတည်းတင်အိမ်ထောင်စုတစ်ရာခန့် အခက်အခဲဖြစ်နေပြီးအ.မ.က ၁၁ မူလတန်းကျောင်းလည်းပိတ်ထားရတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့ဟာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးမှာလည်း ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အဆောက်အဦးရာချီပျက်စီးခဲ့ပါတယ်။ငလျင်လှုပ်ခတ်ပြီးတာ ၆ လပြည့်တော့မှာဖြစ်ပေမဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကောင်းကောင်းမလုပ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖိလစ်ပိုင်ပင်လယ််မှာ ဖြစ်ပေါ်လာတဲ့ အလွန်အားကောင်းတဲ့ စူပါတိုင်ဖုန်း RAGASA ဟာ လာမယ့် စက်တင်ဘာ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့ခြမ်းရှိ၊ လာအိုနိုင်ငံအထက်ပိုင်းကို ကုန်းတွင်းပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဝင်ရောက်နိုင်ကြောင်း၊ အဆိုပါ စူပါတိုင်ဖွန်းရဲ့ ကြွင်းကျန်မုန်တိုင်းဆဲလ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်တယ်လို့NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက(MOHADM)သတိ​ပေးထားပါတယ် ။

ဒါအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာနေရအနှံ့အပြားမိုးထစ်ခြုန်းရွာနိုင်ပြီး အချို့နေရာများမှာ မိုးသက်

လေပြင်းကျရောက်ခြင်းနဲ့ မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ အထူးသဖြင့် မိုး ၃-၄ ရက်ဆက်တိုက်ရွာသွန်းတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ မြေပြိုခြင်းအန္တရာယ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းတို့ရှိ မြို့ပြဒေသများမှာ ရုတ်တရက် ရေကြီးရေလျှံခြင်းအန္တရာယ်ကိုလည်းကောင်း အထူးသတိပြုဖို့ MOHADM က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ယမန်​နေ့ကမိုးများပြီးရေကြီးနေချိန် ကလေးငယ် ၁ဦး ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြော​ပါတယ်။