Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ကိုထိန်းချုပ်ဖို့ စစ်တပ်က ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဆောင်ဖို့ ကန့်သတ်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

(မြဝတီမြို့က ကရင်နယ်ခြားစောင့်တပ်ဖွဲ့-BGF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဧပြီ-၂၉၊ ၂၀၂၆။ ဒလပန်း/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

မြဝတီမြို့စောင့်တပ် ခလရ(၂၇၅)တပ်ရင်းမှာ ဌာနဆိုင်ရာတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးပြုလုပ်ပြီးနောက် အချက် ၈ ချက်ပါ အစည်းအဝေးမှတ်တမ်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂၃ ရက်ရက်စွဲပါ အဲဒီအစည်းအဝေးမှတ်တမ်းမှာ မြဝတီမြို့ပေါ် ရပ်ကွက်တွေအတွင်း နေထိုင်တဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ နဲ့ လက်နက်တွေကို သက်ဆိုင်ရာရုံးတွေမှာ အပ်နှံဖို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

” တော်တော်လေးကန့်သတ်လိုက်တာ။ အခုအိမ်တွေမှာတောင် ထားလို့မရဘူး။ သက်စောင့်ထားဖို့ အတိုလေးကိုင်တာတောင်မရဘူး “လို့ ကရင်လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါအပြင် ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်ထားတဲ့ လက်နက်တွေတွေ့ရှိရင် တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ အရေးယူမယ်လို့ စစ်တပ်က သတိပေးထားပါတယ်။

မြို့တွင်း စားသောက်ဆိုင်တွေ ၊ ကာရာအိုကေ KTV တွေမှာ ယူနီဖောင်းဝတ်ပြီး လက်နက်တွေကိုင်ဆောင်ကာ ဝင်ရောက် စားသောက်ခြင်းမပြဖို့ကိုလည်း ကန့်သတ်ထားပါတယ်။

ဒါပြင်မြို့အတွင်း ကားတွေ တရကြမ်းမောင်နှင်ပြီး လက်နက်တွေထောင် ကိုင်ဆောင်သွားလာခြင်းမပြုဖို့ ပြောဆိုထားပါတယ်။

” ယူနီဖောင်းဆိုလည်း ဖားတစ်ပိုင်းငါးတစ်ပိုင်းတွေ သေနတ်တကားကားနဲ့ မသွားဖို့တင်းကြပ်ထားတာအခုနောက်ပိုင်းက ပြောရမယ်ဆိုရင် အရင်နဲ့ဆိုရင် အများကြီးလျော့သွားတယ်။ ကျားဖြန့်တွေဝင်ထဲကစပြီး အသွားအလာတွေ တဖြည်းဖြည်းလျော့သွားတာ။ “လို့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

မြဝတီမြို့ပေါ်မှာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့-BGF ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA နဲ့ KNU/KNLA – PC ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ နေထိုင်လှုပ်ရှားကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာလည်း မြဝတီမြို့ အမှတ်(၄)ရပ်ကွက်က DKBA ဆက်ဆံရေးရုံးအနီးက ထိုက်တာကျားဖြန့်ဝင်းကို စစ်တပ်က ဝင်ရောက်ရှာဖွေရာကနေ နှစ်ဖက်တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။