Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေကြောင်း သက်သေပြပေးဖို့နဲ့ မေဒေးအကြိုလှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြပေးဖို့နဲ့ မေဒေးအကြို လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၃၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - GSCB၊ ကလေးလူထုသပိတ်၊ ဝက်လက်သပိတ်၊ ရွှေဘိုသပိတ်အင်အားစု

ဧပြီ-၃၀၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြပေးဖို့နဲ့ မေဒေးအကြို လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၃၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့ အတူ ပူးပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက်သေပြပေးဖို့ “Proof of Life” ကမ်ပိန်းကို ပြုလုပ်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက မေလ ၁ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) အကြိုအထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

“စုပေါင်းဖွဲ့စည်းခွင့်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်” ၊ “စစ်အာဏာရှင်ရဲ့ သုံးပွင့်ဆိုင် ယန္တရား အလုပ်သမားထုက မလိုလား”၊ “အလုပ်နေရာတွင် တရားမျှတမှုရှိမှ လူမှုအသိုင်းအဝိုင်းလည်း ရှိမည်” ဆိုတဲ့ ကြွေးကြော်သံပါစာသားတွေ ကို လူစည်ကားရာနေရာတွေမှာ လိုက်လံကပ်ခဲ့ပါတယ်။

ဒါအပြင် မေဒေးနေ့ အကြိုတောင်းဆိုမှုအဖြစ်နဲ့ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်နဲ့ စုပေါင်းအရေးဆိုခွင့် အပါအဝင် အခြေခံအလုပ်သမားအခွင့်အရေးတွေ ပြန်လည်ရရှိရေး ၊ အလုပ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အကြမ်းဖက် အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်းအဆုံးသတ်ရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီဝင်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိသေးကြောင်း စစ်အစိုးရ အနေနဲ့ သက်သေပြပေးဖို့အတွက် နိုင်ငံတကာခေါင်းဆောင်တွေ ကမ္ဘာ့ပြည်သူတွေအနေနဲ့ လူအခွင့်အရေးအရဖြစ်စေ၊ လူသားချင်းစာနာမှုအရဖြစ်စေ ဝိုင်းဝန်းတောင်းဆိုပေးဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ...