မေ-၂၊၂၀၂၆။သတိုး/People’s Spring
စစ်တပ်ရဲ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ ရန်ကုန်မြို့ တစ်နေရာမှာ သမ္မတကြီးအပါအဝင် လူထုခေါင်းဆောင်တွေ ကျန်းမာစေကြောင်း ဆုတောင်းပေးတဲ့ ဘန်နာချိတ်တဲ့ လှုပ်ရှားမှုကို ရန်ကုန်တော်လှန် ညီနောင်လေးဖွဲ့က ပြုလုပ်ခဲ့ပါတယ်။
” ငါတို့ သမ္မတ က ဦးဝင်းမြင့်” ဆိုတဲ့ စာတန်းနဲ့ သမ္မတကြီး ဦးဝင်းမြင့်ပုံ ဘန်နာကို ရန်ကုန်မြို့က ဂုံးကျော်တံတားတစ်ခုမှ ချိတ်ဆွဲခဲ့တာပါ။
“ရှည်လျားသော အခက်အခဲများကို သမ္မတကြီးနှင့်အတူ အတူတကွ ရင်ဆိုင်ကျော်ဖြတ်နေကြောင်း မည်သို့သော အခြေအနေမျိုးတွင်မဆို ခေါင်းဆောင်များအပေါ် ထားရှိသည့် ယုံကြည်ချက်မှာ အစဉ်ခိုင်မြဲနေကြောင်း။ခေါင်းဆောင်များ၏ ကျန်းမာသတင်းနှင့် ပြန်လည်တွေ့ဆုံမှုသည် ရန်ကုန်ရဲဘော်များနှင့် ပြည်သူများအတွက် အားသစ်လောင်းသည့် မျှော်လင့်ချက်ဖြစ်ကြောင်း။” လို့ ဒီလှုပ်ရှားမှု ပြုလုပ်ရတဲ့ အကြောင်းရင်းကို ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ရေးသားထားပါတယ်။

Public Service Announcement
ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ က ရဲဘော်တွေက ပြီးခဲ့တဲ့ရက်ကလည်း စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ လွတ်မြောက်လာတဲ့ သမ္မတဦးဝင်းမြင့်ကို ကြိုဆိုကြောင်း ဗီဒီယိုတင်ခဲ့ပါတယ်။
ဓါတ်ပုံ-ရန်ကုန်တော်လှန် ညီနောင်လေးဖွဲ့





















































