Connect with us

Hi, what are you looking for?

သတင်း

ကားဘီးပေါက်လို့ စပယ်ယာဘီးဝင်လဲချိန် ကားလေအိတ်ပေါက်လို့ တစ်ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

မေ-၅၊၂၀၂၆။တေဇ/People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။

မေ ၄ ရက် နေ့လည် ၁၁ နာရီခွဲလောက်မှာ မန္တလေးကနေ နေပြည်တော်ဘက်ကိုမောင်းလာတဲ့ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် မိုင်တိုင်အမှတ်(၃၄၃/၄-၅) ကြားမှာ နောက်ယာဘီးပေါက်‌ခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ – အမြန်လမ်း ထိန်း/ပြင်/ကြီးကြပ်ရေးအဖွဲ့

အဲဒါကြောင့် ယာဉ်နောက်လိုက်က ကားအောက်ကိုဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ကား‌လေအိတ်ပေါက်ကာမျက်နှာ‌ပေါ်သို့ပိမိပြီး ပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ(သတိမရ/စိုးရိမ်ရဒဏ်ရာစဉ် ပြင်ပလူနာဌာနသို့အ‌ရောက်တွင် သေဆုံး‌သွား‌ကြောင်းသိရပါသည်။” လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က အသိပေးထားပါတယ်။

အမြန်လမ်းမှာ မောင်းနှင်ချိန် စက်ချို့ယွင်းတဲ့ ယာဉ်တွေ အနေနဲ့ အမြန်လမ်းပေါ်မှာ လုံးဝရပ်တန့်ပြုပြင်လို့မရကြောင်း နဲ့ လမ်းဘေး မြေပြင်ပေါ်ကို မဖြစ်မနေရွှေ့ရမှာဖြစ်ပြီး ယာဉ်ကိုလည်း တတ်ကျွမ်းနားလည်တဲ့ လေ့ကျင့်ထားသူ (သို့) ဝပ်ရှော့ဆရာတွေနဲ့သာပြုပြင်ဖို့ အထက်ပါအဖွဲ့က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

Facebook