Connect with us

Hi, what are you looking for?

သတင်း

လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းရာ စစ်သား ၇ဦး သေဆုံး၊ ဒုတပ်ရင်းမှူးအပါအဝင် ၁၈ဦး အရှင်ဖမ်းမိ

ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ် စက်တပ်လေထီးတစ်စီးကို တော်လှန်ရေးတပ်တွေ ပစ်ချ

(လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတဲ့ သုံ့ပန်းတွေ။ ဓာတ်ပုံ - SOF)

မေ-၅၊၂၀၂၆/People’s Spring

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်တပ်ရဲ့ လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းရာ စစ်သား ၇ဦး သေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၈ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOFက ဒီကနေ့ မေ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထံက MA7 (၁)လက်၊ BA100 (၁)လက်၊ MA4 (၂)လက်၊ MA2 (၃) လက်၊ MA3 (၅)လက်၊ MA1 (၈) လက် စုစုပေါင်း (၂၀)လက်၊ 81mm သီး (၅၁) လုံးနဲ့ ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လေးကေစခန်းက ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို အထူးတိုင်းစစ်ဌာနရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း(၂)မှာ ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းးသိမ်းထားရှိတယ်လို့လည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းမကျစေရေးအတွက် တပ်မ(၄၄)လက်အောက်ခံ၊ ခလရ(၈)နဲ့ ခမရ (၂) ပူးပေါင်းအင်အား ၂၀၀ခန့်နဲ့ ပိန္နဲတောဗျူဟာစခန်းက စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

တိုက်ခိုက်မှုအတွင်း ရန်သူ ၂၅ ဦး သေဆုံးပြီး ၃၀ ထိခိုက်ဒဏ်ရာရကာ လက်နက်မျိုးစုံ (၂၂) လက်၊ Drone Gun တစ်လက် နဲ့ ကျည်ခဲယမ်းတွေ သိမ်းဆည်းရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်သုံ့ပန်း (၆)ဦး ဖမ်းဆီးရမိခဲ့ပြီး အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း (၂)တွင် ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က ဝင်းတာပန်၊ ကျောက်ဖျာကျေးရွာတွေကို နေ့စဥ် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဝင်းတာပန်ကျေးရွာနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဧပြီ ၄ရက်မှာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီး (paramotor) တစ်စီးဟာ ခမရ(၃)နဲ့ သုံးမိုင်အကွာမှာ ပျက်ကျခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဘီးလင်းမြို့နယ်က လေးကေတပ်စခန်းကို PDF ပူးပေါင်းတပ်တွေက ဧပြီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီ ၁၂ရက်မှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF အနေဖြင့် အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၇)၊ နည်းဗျူဟာ (၃၆)၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ KNLA တပ်ရင်းများ ၊ KNDO၊ LDFs တပ်ဖွဲ့များနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်ဗုံးကြဲတာ​ကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်​ပေးဖို့ကြိုးပမ်းခဲ့ရင်း​သေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအ​ပေါင်းကို ဝမ်းနည်း​ကြေကွဲ​စေပါတယ် ။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းက​တေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။