Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်းက စခန်းသာရွာဗုံးကြဲခံရပြီး မိသားစု ၃ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက စခန်းသာ(ခ)ချက်ပြဲကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိသားစု ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စခန်းသာကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မေ-၆၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက စခန်းသာ(ခ)ချက်ပြဲကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိသားစု ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မေလ ၆ ရက် မနက် ၁နာရီခန့်မှာ စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ လေယာဥ်နဲ့ စခန်းသာရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တံတားဦး လေတပ်ကနေ ဂျက်ဖိုက်တာ ၃စီး တပြိုင်တည်းတက်ခဲ့ကာ ဗုံးတွေကြဲခဲ့တာဖြစ်ပြီး ဒီဗုံးတွေဟာ ကျေးရွာက နေအိမ်တွေအပေါ် ဆက်တိုက်ကျခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဗုံးကြဲခဲ့တဲ့ နေရာအနီးမှာ လမ်းသွား၊လမ်းလာခရီးသည်တွေကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဈေးရောင်းချတဲ့ စားသောက်ဆိုင် ရှိပြီး အဲဒီလမ်းတဖက်က နေအိမ်ပေါ်ကျကာ ဦးဇော်ငြိမ်း၊ ဒေါ်ဦးနဲ့ ကိုမျိုးလှိုင်ဝင်းတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်နဲ့ ကျေးရွာအတွင်းက အိမ်တချို့လည်း ပျက်စီးမှု ရှိခဲ့ပြီး ဒဏ်ရာရသူ၂ဦး ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

“ဘာ(တိုက်ပွဲ)မှမရှိဘူး။ ဒီအတိုင်းကြဲသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဝက်လက်မြို့နယ်အရှေ့ခြမ်း သစ်‌ဆိမ့်ရွာမှာ တပ်စွဲထားပြီး ဝက်လက်မြို့နယ်ကို နယ်မြေစိုးမိုးမှု ယူဖို့ကြိုးစားနေကာ မြို့နယ်အတွင်းက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook