Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကမင်းပြားနဲ့ကျောက်တော်မြို့ကိုဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲ

ရခိုင်ပြည်နယ်၊ မင်းပြား နဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲခဲ့ပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

(စစ်တပ်က ရခိုင်ပြည်နယ်​မြောက်ဦးမြို့နယ်က ​ပြည်သူ့ဆေးရုံကို ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်ကဗုံးကြဲခဲ့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-​ဝေဟင်​အောင်)

​မေ-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ မင်းပြား နဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲခဲ့ပြီး ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မင်းပြားမြို့နယ်၊ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဖက်ရှိကင်းမွန်ချောင်းဂျိုင်နဲ့ပတ်ဝန်းကျင်ရှိကျေးရွာတွေကိုမေလ (၇) ရက်၊ နေ့ခင်းပိုင်းနဲ့ ကျောက်တော် မြို့နယ်၊သုံးခွအနီးပတ်ဝန်းကျင်ကို ညပိုင်းမှာဗုံးကြဲခဲ့တာလို့ AAကမေလ ၈ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီနေရာတွေကို “တရစပ်မရပ်မနားဗုံးကြဲတိုက်ခိုက်”ခဲ့သလို Cluster Boomb တွေလည်း ကြဲသွားတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ပေါင်၅၀၀တွေရော Cluster Boomb တွေပါ ရာချီကြဲတာပါ။ဒါတွေကစစ်ရာဇဝတ်မှုပါ။ လူသတ်နေတာပါ” လို့ ရခိုင်‌စစ်ရှောင်တွေကို ကူညီနေသူတဦးကပြောပါတယ်။

ကျောက်တော်မြို့ကိုဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတစ်ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း တဦး၊ ကလေးတစ်ဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူ (၁၀) ဦးခန့်ရှိခဲ့တယ်လို့ AA က​ဖော်ပြပါတယ်။လူထိခိုက်သေဆုံးမှုတွေအပြင် လူနေအဆောက်အအုံတချို့ပျက်စီးမှု၊ ကျွဲ၊ နွား၊ တိရစ္ဆာန် တချို့သေဆုံးမှု၊ဗုံးစထိမှန်မှုတို့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ဧပြီလထဲမှာလည်း ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ ငပလီ၊မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ရသေ့တောင်မြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိမေလထဲမှာလည်း ဆက်လက် ဗုံးကြဲနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့ပုံစံပြောင်းလာပြီး ပိုပြီးသတိပြုကြဖို့ အာရက္ခတပ်တော်(AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။လေကြောင်းတိုက်ခိုက်ရာမှာဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေတစ်ပြိုင်တည်းသုံးတိုက်ခိုက်နေတာကြောင့်ဒေသခံပြည်သူတွေ အနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။

အရပ်သားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကမေလ၄ရက်နေ့က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလိုဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့လည်းအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။