Connect with us

Hi, what are you looking for?

သတင်း

တီးတိန်ကိုစစ်အင်အားဖြည့်တဲ့စစ်တပ်လက်နက်ခဲယမ်းတင်ယာဉ် မီးလောင်ပေါက်ကွဲ

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေ – ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ယနေ့ တီးတိန်မြို့လိုင်းလုံရပ်ကွက်မှာစကမရဲ့လက်နက်ခဲယမ်းတင် ဆောင်တဲ့ ဖော်လန်ကားတစ်စီး ပေါက်ကွဲ။ကားပေါ်ရှိ ကျည်ဆန်၊ ဗုံးသီး ခဲယမ်းများအားလုံးပျက်စီး။ စိတ်မကောင်းလိုက်တာ… တစ်စီးတည်း ပျက်လို့”ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးထားပါတယ်။

“ဖြစ်နိုင်တာကတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲနဲ့ သူ့ဟာသူ သွားလာရင်း မတော်တဆဖြစ်တာကြောင့် ပေါက်ကွဲတာဖြစ်တယ်လို့ယူဆရပါတယ်။ ဒါက တီးတိန်မြို့ထဲရောက်ပြီးမှဖြစ်တာပါ ” ဟုဆလိုင်းယောမာန်ကစစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတင်ယာဉ်ပေါက်ကွဲမှု အကြောင်းအရင်းအားမေးမြန်းမှု အပေါ် ပြန်လည် ဖြေကြားပါတယ်။

Public Service Announcement

Public Service Announcement

တီးတိန်မြို့နယ်အတွင်းရှိ ချင်းတော်လှန်ရေးသတင်းရင်းမြစ်ကလည်း “ အဲဒါက သူဟာသူ ပေါက်ကွဲတာပဲနေမှာပါ။ အခုကားက စခတွေရဲ့ကားဟုတ်တယ် လက်နက်ခဲယမ်းတွေ ဒရုန်းတွေ သယ်တဲ့ ဟာပေါ့ ” လို့ ပြောပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တွေက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်မယ်လို့ ကြေညာထားတဲ့ တီးတိန်ကို စစ်ကောင်စီက မေလဆန်းမှာ စစ်အင်အားတွေ ဖြည့်တင်းဖို့ ကြိုးစားလျက်ရှိရာ ဒီရက်ပိုင်းမှာ မြို့ကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ တီးတိန်ကို အင်အားဖြည့်တင်းတဲ့ စစ်ကောင်စီတပ်ကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ပါတယ်။

တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

စစ်တပ်ဟာ တီးတိန်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ဖလမ်းမြို့ကို ဧပြီနောက်ဆုံးပတ်မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းနဲ့ ဟားခါးလမ်းပိုင်းဆက်လက်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ထိုးစစ်ဆင်နေလို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

https://www.facebook.com/reel/4217717055199184

ရုပ်သံ – Yaw Mang

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook