Connect with us

Hi, what are you looking for?

သတင်း

ဇနီးသတ်တဲ့တရားခံတွေ ဖမ်းမပေးလို့​ပြောသူကို စစ်တပ်နဲ့ရဲဝေဖန်ဟုဆိုကာဖမ်းဆီး

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

(ဒေါက်တာကောင်းစံ တို့ ဇနီး​မောင်နှံ နဲ့ ဇနီးအသတ်ခံရပြီး စစ်အုပ်စုကအ​ရေးယူ​ပေးခြင်းမရှိတဲ့အ​ပေါ် လူမှုကွန်ယက်မှာ ​ပြောကြား​နေတဲ့ ​ဒေါက်တာ​ကောင်စံ )

မေ-၁၁၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

အိမ်ခြံ​မြေပွဲစားအလုပ်လုပ်ကိုင်တဲ့ ဇနီးဖြစ်သူကို မေလ ၂ ရက်မှာ စစ်တပ်အရာရှိရဲ့သားသမီးတစ်စုက ရန်ကုန်မြို့​ပေါ်ခေါ်ဆောင်ပြီး လည်လှီးသတ်ဖြတ်ခဲ့တာလို့ ဒေါက်တာကောင်းစံက လူမှုကွန်ယက်မှာပြောခဲ့ပါတယ်။ ဇနီးဖြစ်သူကို ခေါ်ဆောင်သွားတဲ့ တရားခံတွေရဲ့နာမည်တွေကို သူမ မသေဆုံးမီမှာပြောပြသွားတာကြောင့်ခေါ်ဆောင်သွားသူတွေဟာ စစ်တပ်အရာရှိရဲ့ သားသမီးတွေလို့ ဆိုပါတယ်။

ဒါ့ကြောင့် ခင်ပွန်းဖြစ်သူ ဒေါက်တာကောင်းစံဟာ ရဲစခန်း သွားရောက်တိုင်တန်းခဲ့ပေမယ့် ဖမ်းဆီးအရေးယူတာမရှိတာကြောင့် လူမှုကွန်ရက်မှာ Live လွှင့်ပြီး စစ်တပ်နဲ့ရဲကို ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ရန်ကုန်မြို့လယ်ခေါင်မှာ လည်လှီးခံရတယ်လို့ ဆိုရမလား။ လူသတ်ခံရမှုလို့ ဆိုရမလားပေါ့။ အဲဒီဖြစ်စဉ် ၂ ရက်နေ့ ဒီလ နွေလယ်​ခေါင်မှာဖြစ်ပွားခဲ့ပါတယ်။ ယခုအချိန် ၅ရက်နေ့ နေ့လယ် ၇၂နာရီကျော်သည်အထိ တရားခံ မိသားစုဘက်မှသော်လည်းကောင်း၊ စခန်းမှူး ဘက်မှသော်လည်းကောင်း၊ တာဝန်ခံအရာရှိမှသော်လည်းကောင်း တစ်စုံတစ်ရာ ဆွေးနွေးတိုင်ပင်ခြင်း ယခုအချိန်အထိ မရှိပါဘူး။ ဆွေးနွေးတိုင်ပင်ဖို့ ဆောင်ရွက်ပေးကြပါ။ သည်းခံမှုအတိုင်းအတာကုန်ဆုံးသွားခဲ့ပါပြီ”လို့ ဒေါက်တာကောင်စံက လူမှုကွန်ရက်မှာပြောဆိုထားပါတယ်။

ဒါ့အပြင်တစ်စုံတစ်ရာ ဆက်သွယ်လာခြင်း မပြုခဲ့ဘူးဆိုပါကခံရသူ၊ နှစ်နာသူဘက်က ပွင့်ပွင့်လင်းလင်း ချပြသွားမယ်လို့လည်း တစ်​တော့က​နေတဆင့် Live လွှင့်​​ပြောခဲ့ပါတယ်။

ဒါ့ကြောင့် စစ်တပ်နဲ့ ရဲကို ဝေဖန်ပြောဆိုတယ်ဆိုပြီး အာဏာသိမ်းစစ်​ကောင်စီက မေလ ၇ရက် ညပိုင်းမှာ ဒေါက်တာကောင်းစံကို ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက် နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာလို့ ​​ဒေသခံအချို့က​ပြောပါတယ်။

“ဘာကြောင့်သတ်တယ်ဆိုတာကိုတော့ မသိရဘူး။ သူတို့လင်မယားကနာမည်ပျက်မရှိဘူး။သူတို့အလုပ်ကိုသူတို့ အေးဆေးလုပ်နေတာ။ ဘာကြောင့် ဒီလိုအဖြစ်ဆိုးကိုကြုံရတာလည်းဆိုတာနားမလည်နိုင်ဘူး။ ကောင်မလေးကအသက်ထွက်ခါနီးကို တရားခံတွေရဲ့နာမည်ပြောသွားတာလို့ကြားတယ်။ အဲဒါကြောင့်သူ့ယောက်ကျားက သွားတိုင်တာ။ ဒီဘက်နယ်မြေတွေက တော်တော်ဆိုးတယ်။ သူတို့(စစ်တပ်၊စစ်တပ်မိသားစုဝင်နဲ့ စစ်တပ်မိသားစုဝင်​တွေ) နဲ့ထိပ်တိုက်မတွေ့တာကောင်းတယ်”လို့ ဒလမြို့မှ​ဒေသခံတဦးကပြောပါတယ်။

ဒေါက်တာကောင်စံဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ ရဲကို ဝေဖန်ပြောဆိုထားတဲ့ သူ့ရဲ့ လူမှုကွန်ရက်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပို့စ်မအားလုံးအပါအဝင် အကောင့်ကိုပါ စစ်တပ်က ဖျက်သွားခဲ့တယ်လို့ ဒလမြို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။