Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ အပစ်ရပ် သဘောတူညီမှု တည်တံ့ရေးဟာ စိုးရိမ်စရာ ဖြစ်လာနေပြီလို့ ထရမ့်သတိပေး

အီရန်နဲ့ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှု ဆက်လက်တည်တံ့ရေးဟာ စိုးရိမ်စရာ အဆင့်မျိုးဆီ ရောက်နေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

အီရန်နဲ့ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှု ဆက်လက်တည်တံ့ရေးဟာ စိုးရိမ်စရာ အဆင့်မျိုးဆီ ရောက်နေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

စစ်ပွဲကို အပြီးတိုင် ရပ်စဲနိုင်ဖို့ အမေရိကန်က ပေးပို့ခဲ့တဲ့ အဆိုပြုချက်တွေကို အီရန်က ပြင်ဆင်ပြီး တုံ့ပြန်ပေးပို့ခဲ့တဲ့ အချက်အလက်တွေဟာ လက်ခံနိုင်စရာ မရှိကြောင်း ထရမ့်က ဝေဖန်ခဲ့ပြီး နောက်တစ်နေ့မှာတော့ အပစ်ရပ် သဘောတူညီမှုတောင် ဆက်ပြီး တည်တံ့ဖို့ ခက်ခဲလာပြီလို့ ထရမ့်က သတိပေးခဲ့တာ ဖြစ်ပါတယ်။ အီရန်ဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ ဧပြီ ၈ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၁ ရက်နေ့ ညပိုင်းတုန်းက အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က အပစ်ရပ် သဘောတူညီမှုကို သေငယ်ဇော မျောနေတဲ့ လူနာတစ်ယောက်နဲ့ ခိုင်းနှိုင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ အပစ်ရပ် သဘောတူညီမှုဟာ အသက်ကယ် ကိရိယာ အကြီးကြီးနဲ့ အသက်ဆက်နေရတယ်လို့ သူယူဆကြောင်း၊ မြင်သာအောင် ဥပမာ ပေးရရင် ဆရာဝန်က လူနာရှင်ဆီ ရောက်လာပြီး ကိုယ်ချစ်တဲ့သူဟာ ဆက်အသက်ရှင်ဖို့ ၁ ရာခိုင်နှုန်းလောက်ပဲ အခွင့်အရေး ရှိတော့တယ်လို့ လာအသိပေးတာမျိုးနဲ့ ပုံစံတူကြောင်း ထရမ့်က ဆိုပါတယ်။

အီရန်ဖက်က ပေးပို့ခဲ့တဲ့ အမှိုက်သရိုက် အဆိုပြုချက်တွေ ရောက်လာပြီး ကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ အားအနည်းဆုံး အခြေအနေကို ရောက်သွားပြီဖြစ်ကြောင်း၊ သူဟာ အီရန်ရဲ့ အဆိုပြုချက်တွေကို ဆုံးတဲ့အထိတောင် သည်းခံပြီး ဖတ်နိုင်စွမ်း မရှိခဲ့ကြောင်းလည်း သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ တောင်းဆိုမှုတွေထဲမှာ လက်ရှိ စစ်ပွဲကို လက်ဘနွန် ပိုင်နက်ထဲက တိုက်ခိုက်မှုတွေ အပါအဝင် နေရာစုံမှာ ရပ်တန့်ဖို့၊ အမေရိကန်က အီရန်ကို ရေတပ်အင်အားသုံး ပိတ်ဆို့ထားမှုတွေကို ပြန်ဖွင့်ပေးဖို့၊ နောက်တစ်ကြိမ် အီရန်ကို ကျူးကျော်မှု မရှိပါဘူးဆိုတဲ့ အာမခံချက်မျိုး ပေးအပ်ဖို့တွေ ပါဝင်ခဲ့ပါတယ်။

အစောပိုင်းမှာ အီရန် အစိုးရက အမေရိကန်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ် ဆိုတာဟာ ရန်သူကို အရှုံးပေး ဒူးထောက်လိုက်တယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလို့ သတိပေးခဲ့ပါသေးတယ်။

အီရန်ရဲ့ တောင်းဆိုမှုတွေဟာ အပစ်ရပ် သဘောတူညီမှုကို ခြိမ်းခြောက်လာနေတယ်လို့ ထရမ့်က စွပ်စွဲခဲ့တဲ့နောက် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီစမေးလ် ဘက်ဂ်ဟိုင်းက အီရန်ရဲ့ တောင်းဆိုချက်တွေဟာ တရားဥပဒေနဲ့ ဘောင်ဝင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အီရန်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘက္ကာ ကာလီဘက်ဖ်ကလည်း တကယ်လို့ အမေရိကန်ဖက်က ရန်လိုတိုက်ခိုက်မှုတွေ ပြန်စလာရင် ထိထိရောက်ရောက် တန်ပြန်ဖို့ အီရန် လက်နက်ကိုင် တပ်ဖွဲ့တွေက အသင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ် အီရန်တောင်ပိုင်းက ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှု အချက်အခြာ ပင်လယ်ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားက ဆက်ပြီး ပိတ်ဆို့ခံထားရဆဲ ဖြစ်တာကြောင့် ကမ္ဘာ့ရေနံစျေးတွေက ဆက်လက် မြင့်တက်နေပြီး မေလ ၁၁ ရက်နေ့မှာ ရေနံစိမ်း တစ်စည်ကို ၁၀၄ ဒေါ်လာထိ စျေးတက်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

Facebook