Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါမှာ လေယာဉ်ဆင်းချိန် မီးလောင်မှုဖြစ်၊ ခရီးသည်အားလုံး ဘေးကင်း

နီပေါနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းပေါ်အဆင်း မီးစွဲလောင်ခဲ့ပေမယ့် ကံအားလျော်စွာနဲ့ ခရီးသည်တွေအားလုံး ဘေးကင်းခဲ့ကြပါတယ်။

ဓာတ်ပုံ - AP

နီပေါနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းပေါ်အဆင်း မီးစွဲလောင်ခဲ့ပေမယ့် ကံအားလျော်စွာနဲ့ ခရီးသည်တွေအားလုံး ဘေးကင်းခဲ့ကြပါတယ်။

တူရကီ လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တော်မှာရှိတဲ့ အဓိက လေဆိပ်မှာ မေလ ၁၁ ရက်နေ့ မနက်ပိုင်းက ဆင်းသက်ရင်း လေယာဉ်ဘီးမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ အဲဒီဖြစ်ရပ်မှာ ခရီးသည်တွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပြီး ထရစ်ဘ်ဟူဗန် နိုင်ငံတကာ လေဆိပ်ကို ၂ နာရီလောက်ကြာအောင် ပိတ်ထားခဲ့ရပါတယ်။

လေယာဉ်ဟာ တူရကီရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ်ကနေ စတင်ပျံသန်းလာပြီး လေဆိပ်ကို ဆင်းသက်ချိန်မှာ မီးလောင်မှု ဖြစ်ခဲ့တာလို့ လေဆိပ် စီမံခန့်ခွဲမှု အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ထမ်းတွေက မီးကို အရမ်းကြီးမားမလာခင် ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့သလို Airbus 330 လေယာဉ်ပေါ်က ခရီးသည် ၂၇၇ ဦးနဲ့ အမှုထမ်း ၁၁ ဦးကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP

လေဆိပ်ကို အဆင်းမှာ လေယာဉ် မီးလောင်တာကို မြင်ခဲ့ရကြောင်း၊ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ ဆက်ပြီး စုံစမ်းနေကြောင်း၊ ခရီးသည်နဲ့ အမှုထမ်းအားလုံး ဘေးကင်းကြောင်း နီပေါ အရပ်ဖက် လေကြောင်း စီမံခန့်ခွဲရေးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျန်နန်ဒရာဘူလ်က AFP သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

လေဆိပ်မှာ အခြေအနေ ရှုပ်ထွေးနေတဲ့အချိန် ခတ္တမန္ဒူဆီ ပျံသန်းလာတဲ့ တခြား လေယာဉ် တချို့ကို တခြားလေဆိပ်တွေဆီ ပြောင်းလဲ ဆင်းသက်စေခဲ့ရပါတယ်။

လေယာဉ်က ဆင်းသက်ပြီး လေဆိပ်ပြေးလမ်းပေါ် ပြေးနေတဲ့အချိန် ဘီးကနေ မီးခိုးတွေ အူထွက်လာခဲ့တာဖြစ်ကြောင်း၊ ခရီးသည်တွေကိုတော့ အရေးပေါ် လေထိုး လျှောလှေကားတွေ အသုံးပြုပြီး ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း တူရကီ လေကြောင်းလိုင်းက ကြေညာပါတယ်။

နီပေါဟာ တောင်ထူပြီး ရာသီဥတု အပြောင်းအလဲတွေ ခန့်မှန်းရခက်တဲ့ နိုင်ငံဖြစ်ပြီး လေကြောင်း ပျံသန်းမှုတွေအတွက် ခက်ခဲတဲ့ နယ်မြေလို့ သတ်မှတ် ခံထားရပါတယ်။ ပြီးတော့ လေကြောင်း မတော်တဆမှုတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။

၂၀၁၅ ခုနှစ်တုန်းက တူရကီ လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးဟာ မြူတွေ ထူနေတဲ့အချိန် ခတ္တမန္ဒူမှာ ဆင်းသက်ဖို့ ကြိုးစားရင်း ပြေးလမ်း ချော်ထွက်သွားခဲ့ပြီး အဲဒီကိစ္စကြောင့် လေဆိပ်ကို ရက်ပိုင်းလောက် ပိတ်ထားခဲ့ရဖူးပါတယ်။ ဖြစ်စဉ်မှာ လူတွေ ထိခိုက်ဒဏ်ရာရမှု မရှိပေမယ့် လေယာဉ်ကတော့ ပြင်မရတော့တဲ့အတွက် ဆွဲယူသွားခဲ့ပြီး ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲ ထားရှိလိုက်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

Facebook