Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနဲ့ မဘိမ်းမြို့ကြားမှာ တိုက်ပွဲဖြစ်နေ

ရွှေကူနဲ့ မဘိမ်းမြို့နယ်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေ ပြောပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်သလို ဒရုန်းနဲ့ကင်းထောက်တာတွေလည်း ရှိနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

(ရွှေကူမြို့နယ်မှာ KIA နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ KPDF ရဲဘော်တွေ။ ဓာတ်ပုံ - မြို့လှ-KPDF )

မေ-၁၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရွှေကူနဲ့ မဘိမ်းမြို့နယ်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေ ပြောပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်သလို ဒရုန်းနဲ့ကင်းထောက်တာတွေလည်း ရှိနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားတဲ့ ငါးအိုးကျေးရွာကနေ စစ်တပ်စစ်ကြောင်းဝင်လာလို့ KIA၊PDFနဲ့ ကျောင်းသားတပ်မတော် ABSDFနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

” စစ်ကြောင်းမှာက အင်အားများပြီး အဲ့ဒါကို ဖြတ်တိုက်နေတာပါ။ တိုက်ပွဲက မနေ့က ဖြစ်ပြီး ဒီနေ့လည်း တော်တော်လေး သတိနဲ့နေနေကြရတယ်။ စစ်တပ်စစ်ကြောင်းဝင်လာမှာကို စိုးရိမ်နေရတယ်။ အရပ်သားတွေကကြောက်နေတာ”လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ရေးအခြေအနေဟာ မြေပြင်တိုက်ပွဲထက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်သလို ဒရုန်းနဲ့ကင်းထောက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ မေလ ၁၂ရက် ညနေမှာ ပြောပါတယ်။

ငါးအိုးကျေးရွာအနီး ၅လမ်းဆုံမှာ ပြီးခဲ့တဲ့ ဧပြီလကုန်၊ မေလဆန်းမှာ ခလရ(၁၂၁)တပ်ရင်းကထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။

” အဲ့ဒီစစ်ကြောင်းကတော့ ပြန်ဆုတ်သွားတယ်။ မနေ့ကတော့ လက်နက်ကြီးတွေ ပစ်ခတ်တာရှိတယ်။ ဒေသခံတွေအနေနဲ့ကတော့ စစ်ရေးကို သတိရှိနေဖို့ လိုပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မဘိမ်းမြို့ဟာ ရှမ်းပြည်နယ်က မိုးမိတ်၊ ကချင်ပြည်နယ်ထဲက ရွှေကူ၊ စစ်ကိုင်းတိုင်းက ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။

မဘိမ်းမြို့ကို KIA၊PDFနဲ့ ABSDFနဲ့ ပူးပေါင်းတပ်တွေက ၂၀ ၂၄ ဇန်နဝါရီက သိမ်းယူခဲ့ပြီး အခုအခါ စစ်တပ်က စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာပါ။

” မဘိမ်းမြို့နယ်က ငါးအိုးဘက်ခြမ်းမှာ ဖြစ်နေတာ။စစ်တပ်က မဘိမ်းဘက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းလွှင့်ခဲ့တာသင်္ကြန်ကတည်းကပဲ။ မနေ့ကတော့ လက်နက်ကြီး အပြန်အလှန်ပစ် နေတဲ့ အသံတွေ ကြားရပါတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မဘိိမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ ရှောင်တိမ်းကြဖို့ KIA မေလဆန်းမှာ သတိပေးထားပါတယ်။

စစ်တပ်က ဧပြီ ၂၃ရက် ညမှာ အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ မြို့နယ်တွေအနက်ကချင်ပြည်နယ်မှာ KIAထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်၊ဘချီဖွေမြို့နယ်တို့နဲ့အတူ ရွှေကူမြို့နယ်လည်းပါဝင်နေပါတယ်။ ဒါကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာနိုင်တာကို သတိပြုဖို့လိုတယ်လို့ KIAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ