Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲကြောင့် ရှီနဲ့ အကြီးအကျယ် သဘောထား ကွဲလွဲတာမျိုး မရှိဘူးလို့ ထရမ့်ပြော

အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ သူနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကြားမှာ သဘောထား ကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိနေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းပယ်သွားပါတယ်။

ဓာတ်ပုံ - AP

အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ သူနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကြားမှာ သဘောထား ကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိနေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းပယ်သွားပါတယ်။

ဘေဂျင်းမှာ ရှီနဲ့ သွားရောက်တွေ့ဆုံမယ့် ခရီးစဉ် မတိုင်ခင် မေလ ၁၂ ရက်နေ့မှာ ထရမ့်က သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲဟာ ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ ဖြစ်မယ်ဆိုတာ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ မေ ၁၃ ကနေ ၁၅ ထိ ဘေဂျင်းကို ၃ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။

ထရမ့်ဟာ အီရန်စစ်ပွဲ ရပ်စဲရေးအတွက် အမေရိကန်ဖက်က တောင်းဆိုမှုတွေကို အီရန်က လက်ခံလာအောင် တောင်းဆိုပေးဖို့ ရှီကို ဖိအားပေးခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တရုတ်နဲ့ အီရန်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့ နိုင်ငံတွေပါ။

တစ်ဖက်မှာလည်း အီရန်ကို အစ္စရေးနဲ့ အမေရိကန်က ပူးပေါင်း တိုက်ခိုက်ရာက စတင်ခဲ့တဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းဟာ တရုတ်ကိုလည်း သိသိသာသာ ထိခိုက်သက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် အရေးနဲ့ ပတ်သက်လို့တော့ သူနဲ့ရှီဟာ စကားတွေ အကြာကြီး ပြောရမှာဖြစ်ကြောင်း၊ ရှီဟာ လူကောင်း တစ်ယောက်ဖြစ်ပြီး ရိုးသားသူ တစ်ယောက်လို့ ထင်ကြောင်း ထရမ့်က ဆိုပါတယ်။ တကယ်တော့ သူတို့နှစ်ဦး ဆွေးနွေးရမယ့် အကြောင်းအရာတွေက အများကြီးဖြစ်ပြီး အီရန်ကလည်း တစ်ခု အပါအဝင်ဆိုတာ မြင်သာကြောင်း၊ အမေရိကန်ဟာ အီရန်ကိစ္စမှာ အများကြီး ထိန်းချုပ်နိုင်စွမ်း ရှိထားကြောင်း ထရမ့်က ဆိုပါတယ်။

အီရန်စစ်ပွဲ ဖြစ်ပွားခဲ့တဲ့ နှစ်လကျော် ကာလအတွင်းကို ပြန်ကြည့်ရင် ထရမ့်ဟာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ အပျော့တစ်မျိုး၊ အမာတစ်မျိုး မှတ်ချက်တွေ ပေးခဲ့တာကို တွေ့ရပါတယ်။ သူက အီရန်ဆီက ရေနံအများဆုံး ဝယ်ယူနေတဲ့ နိုင်ငံဖြစ်တဲ့ တရုတ်ဟာ အီရန်အပေါ် လုံလောက်တဲ့ ဖိအားပေးမှုမျိုး မရှိခဲ့ကြောင်း ဝေဖန်ဖူးသလို အပစ်ရပ် သဘောတူညီမှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် ရှီရဲ့ အစိုးရက ကူညီပေးခဲ့တယ် ဆိုတာမျိုးလည်း အသိအမှတ် ပြုခဲ့ဖူးပါတယ်။

ရှီနဲ့ တွေ့ဆုံချိန်မှာ အီရန်စစ်ပွဲ ရပ်စဲနိုင်ရေးကိစ္စအတွက် တရုတ်ဆီက အကူအညီ တောင်းခံမလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က အမေရိကန်ဟာ အီရန်နဲ့ ပတ်သက်လို့ ဘယ်သူ့ဆီက ဘာအကူအညီမှ မလိုဘူးလို့ တုံ့ပြန်သွားပါတယ်။

တရုတ် အစိုးရကတော့ အီရန်စစ်ပွဲနဲ့ ပတ်သက်တဲ့ သဘောထား အမြင်ကို ထုတ်ပြန်ထားရာမှာ စစ်ပွဲကို အမြန်ဆုံး ရပ်စဲပြီး သံတမန်ရေး နည်းလမ်းတွေနဲ့ ညှိနှိုင်းအဖြေရှာမှုမျိုးကို အားပေးကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မဟာမိတ် ပါကစ္စတန်က အမေရိကန်နဲ့ အီရန်တို့ကြား သံတမန်ရေး ကြားဝင် ညှိနှိုင်းပေးမှုတွေမှာလည်း တရုတ်က နောက်ကွယ်ကနေ အစွမ်းရှိသမျှ ကူညီနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။